UNIVERSE (EP.11)

155 25 8
                                    

//Unicode//

ကျွန်တော်ဘာကိုမှတွေးမနေတော့ဘဲ ဆယ်ဟွန်းရှိတဲ့ဆေးရုံကိုသာ ကားကိုအပြင်းမောင်းလာခဲ့လိုက်သည်..ကျွန်တော်အခုချိန်မှာဆယ်ဟွန်းခံစားခဲ့ရတာ‌ေတွအတွက် သူ့ကိုတစ်ယောက်တည်းထပ်ပြီး အပြစ်တင်နေတာမျိုးတွေမဖြစ်စေချင်တော့ဘူး.. ကံကောင်းချင် တော့ကျွန်တော်ဆေးရုံထဲဝင်ဝင်ချင်း ကောင်ဒါမှာ ဆယ်ဟွန်းကိုတွေ့ လိုက်ရတာဘဲ ကျွန်တော်ဘာမှမပြောဘဲသူ့ကိုပြေးဖက်လိုက်မိတယ် အခုပုံကြီးကအရမ်းdramaဆန်လွန်းသွားလား? ဘေးကဆရာဝန် မလေးတွေနဲ့ နက်စ်မလေးတွေကကျွန်တော်တို့ကိုကြည့်နေကြတယ်. ကျွန်တော်မျက်နှာကိုသေချာကွယ်ထားတာမို့သူတို့မှတ်မိမယ်‌တော့ မထင်ဘူး. မတတ်နိုင်ဘူး အခုချိန်ကျွန်တော်သူ့ကိုဖက်ထားချင်တာ ဘဲသိတယ်‌.

"ဂျွန်...ဂျွန်မြောင် "

လေတိုးသံလောက်မျှမကျယ်တဲ့အသံတိုးတိုးလေးနဲ့ ဆယ်ဟွန်းက ကျွန်တော့်နာမည်ကိုခေါ်ရင်း အံ့ဩနေတဲ့ပုံပင်..

"ဆယ်ဟွန်း ဒီနှစ်တွေမှာပင်ပန်းခဲ့မှာပေါ့နော် "

"ဟမ်..ဂျွန်မြောင်ဘာကိုပြော.."

"လူတွေကြည့်ကုန်ပြီ ဒီညစောစောပြန်လာခဲ့နော် "

ကျွန်တော်သူ့ကိုစောစောပြန်လာဖို့ဘဲပြောရင်း ပါးကိုနမ်းကဆေးရုံ ထဲကပြန်ထွက်လာလိုက်ခဲ့သည်.. အပြင်ရောက်တော့.

"ချီးဘဲ ဟျွန်း!! "

"မင်းတော်တော်ဖြစ်နေလိုက် လာအိမ်ပြန်မယ် "

"ဘယ်ကလိုက်လာတာလဲ "

"မင်းလူတစ်ယောက်နဲ့သွားတွေ့ထဲကနောက်ကလိုက်နေတာ ခုကြည့် ရည်းစားရပြီးထဲက တော်တော်လေးထိန်းမနိုင်သိမ်းမရနော် မင်း "

"ဟီးဟီး ဒီနေ့နည်းနည်း emotionalဖြစ်သွားလို့ပါ "

"လာ တော်ကြာသူများတွေရိပ်မိကုန်မယ် "

ကျွန်တော်ဟုတ်ကဲ့တစ်လုံးသာပြောရင်းလိုက်လာခဲ့ရတယ်. အထွန့်တက်လို့မရဘူးလေ တကယ်မှားနေတာကျွ‌န်တော်ဖြစ်နေတာ ကို.. တလမ်းလုံးတော့ဟျွန်းရဲ့ ဩဝါဒများကိုနာခံရင်းလိုက်လာရ တာမို့ ကျွန်တော်အိမ်မြန်မြန်ရောက်ပါစေဘဲဆုတောင်းနေမိတယ်..

UNIVERSEWhere stories live. Discover now