UNIVERSE (EP.10)

190 28 6
                                    

//Unicode//

သူမီးဖွင့်ပြီးဆိုဖာမှာထိုင်နေတာ နာရီဝက်ကျော်နေပြီ..
ပုံမှန်ဆိုအဖြေပေးလိုက်ရင် သူကပျော်ပြီး ကျွန်တော့်ကိုပိုတောင် ဖက်ထားရမှာမှလား ခုအခြေနေကြီးကဘာလဲ.. မီးထဖွင့်ပြီး ကျွန်တော့်ကိုဘာမှမပြောဘူး ဆိုဖာမှာငုတ်တုတ်ထိုင်နေတယ်.

"Ya အိုဆယ်ဟွန်း!!! မင်းငါ့ကိုအပျော်ကြံနေတာလား "

"......"

"ဒီတိုင်းဘဲထိုင်နေမှာလား အဲ့ဒါဆို ငါပြန်တော့မယ် "

"နေဦး "

"Omma!!! "

‌ကျွန်တော်မတ်ထပ်ထရပ်လိုက်တော့ သူကနောက်ကနေကျွန်တော့် လက်ကိုဖမ်း‌ဆွဲချလိုက်တာကြောင့် ကျွန်တော့ခန္ဓာကိုယ်က သူ့အပေါ်ပြုတ်ကျသွားသည်.. အခုပုံကစံဆိုဖာပေါ်မှာဆယ်ဟွန်းက ထိုင်နေတယ် ကျွန်တော်ကဆယ်ဟွန်းပေါင်ပေါ်မှာ.. သူ့ရဲ့လက်တွေ ကကျွန်တော့်ခါးဆီရွေ့လို့ပိုတိုးကာဖက်လာတယ် နောက်ပြီးသူ့က ကျွန်တော့်ရဲ့ကျော်ပေါ်မျက်နှာကိုကပ်ထားပြီး..

"မသွားပါနဲ့ဦး "

"ဒါဆိုမင်းဘာလို့ဒီလိုကြီးထိုင်နေလဲ အနည်းဆုံးတစ်ခုခုတော့ပြော သင့်တယ်လေ "

"ကျွန်တော်ပျော်လို့.."

"......"

"မထင်ထားဘူး ဂျွန်မြောင်ကကျွန်တော့်ကိုချက်ခြင်းအဖြေပေးလိမ့် မယ်လို့ ဒါကအိပ်မက်တစ်ခုလိုဘဲ "

"ပိုပြီ.. ငါ..ငါလည်းသာမာန်လူပါဘဲ "

"ဘယ်သူကတွေးထားမိမှာလဲ ဒီလိုနာမည်ကြီးလူတိုင်းကလိုချင်နေ တဲ့အဖိုးတန်လေးရဲ့ ပိုင်ရှင်က အိုဆယ်ဟွန်းဖြစ်လာလိမ့်မယ်လို့ "

"ဟက်!! မင်းကအခုကိုယ့်ကိုယ်ကိုဘဝင်မြင့်နေတာလား "

"ဟား..မဟုတ်ပါဘူး ကျွန်တော်ပြောပြီးပြီးလေ ပျော်လို့ပါလို့ "

"ဒါပေါ့ ပျော်သင့်တယ် ပြီးတော့ဒီလိုအဖိုးတန်လေးကိုမင်းကပိုင်ခွင့် ရှိတဲ့သူမို့လို့ သေချာဂရုစိုက်ပေးသင့်တယ်နော် အိုဆယ်ဟွန်းရှီ့ "

"သေချာတာပေါ့ လာပါပြီး ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုလေးကိုသေချာ ကြည့်ရအောင် "

UNIVERSEWhere stories live. Discover now