UNIVERSE (EP.25)

122 20 13
                                    

// Unicode //

" ငါမင်းကိုခွင့်လွှတ်တယ် "

ရယ်ကျဲကျဲပြောလာတဲ့ ဆယ်ဟွန်းရဲ့အသံက တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်.. အခုကျွန်တော်တို့ရောက်နေတာ ဆယ်ဟွန်းရဲ့ ကွန်ဒိုမှာပါ. ရာအွန်းကိုဆက်ပြီးအမှုမဖွင့်တော့တာကို အနည်းငယ်အံ့ဩမိပေမယ့် ခွင့်လွှတ်ပေးနိုင်တဲ့ ကျွန်တော့်ချစ်သူရဲ့ စိတ်ဓာတ်ကြောင့် ပိုလို့ဂုဏ်ယူရပါတယ်..

" ဆယ်ဟွန်း ဟျောင်း တကယ်ပြောတာလား ဒါ.. ဒါဆို ကျွန်တော့် ကို ထပ်တရားမစွဲတော့ဘူးပေါ့ "

" တကယ်ပေါ့ ငါနားလည်ပါတယ် အဲ့အချိန်ကမင်းရဲ့အခြေနေတွေ ကို နောက်ပြီး အခုချိန်တရားပြန်စွဲရင် မင်းရဲ့ငယ်ရွယ်မှုက ထောင်ထဲမှာကုန်ဆုံးရမှာပေါ့ မင်းလည်း ဦးလေးလီကိုဖမ်းမိဖို့ အများကြီးကူညီထားတာဘဲ ဒီလောက်မလုပ်ချင်တော့ဘူး "

" ဟျောင်း.. ကျေးဇူးတင်ပါတယ် "

ရာအွန်းက မျက်ရည်စတွေ‌ဝေ့သီနေတဲ့မျက်ဝန်းတွေနဲ့ ဆယ်ဟွန်း ကိုထိုင်နေရာကနေ ထပြီး ဖက်လိုက်သည်..

" ဟမ်း!! "

ဖက်ထားတာနည်းနည်းကြာပြီလေ ကျွန်တော်ကသဘောကောင်းတဲ့ သူဆိုပေမယ့် ကိုယ့်ချစ်သူကို ကိုယ်သဝန်တိုတတ်ပါသေးတယ်.

" Sorry ဂျွန်မြောင် ဟျောင်း. "

" ရပါတယ်  "

" ဒါနဲ့ ရာအွန်း မင်းအရင်လိုဘဲဆေးရုံကိုပြန်လာမယ်မှလား "

" ဟျောင်း တကယ်ဘဲလက်ခံပေးမလို့လား "

" ငါအကုန်လုံးကိုအစကပြန်စချင်တယ်. ရာအွန်း မင်းကိုလည်း ဒီထက်ပိုကောင်းတဲ့လူဖြစ်စေချင်တယ် "

" ကျေးဇူးပါဟျောင်း "

ရာအွန်းကဆယ်ဟွန်းကိုဖက်လို့ငိုနေသည်.. ကျွန်တော့်ကောင်လေး ကထင်ထားတာထက် စိတ်ကောင်းရှိနေတာဘဲ. ရာအွန်းလို လူငယ် လေးကိုဒီတိုင်းပစ်မထားဘဲ ဆေးရုံမှာပြန်လာလုပ်ခိုင်းသေးတယ်.

" ကျွန်တော့်မိဘတွေ‌သာ ဟျောင်းလိုကျွန်တော့်အပေါ်ဂရုစိုက်ပေး ရင် အခြေနေတွေကအခုလောက်ထိဆိုးမသွားလောက်ဘူး .. "

UNIVERSEWhere stories live. Discover now