UNIVERSE (EP.4)

182 28 7
                                    

//Unicode//

ကျွန်တော့်သူ့ကိုပွေ့ချီလိုက်တော့ သူ့ကိုယ်လေးကအသာလေး ကျွန်တော့်ဆီပါလာတယ်.. သူကအနုပညာရှင်သာပြောတယ် ကလေးလိုလာဆိုးနေတာ. ဒါပေမယ့် သူချစ်ဖို့ကောင်းတာကျွန်တော် ဝန်ခံပါတယ် ချီလိုက်တော့ သူ့မျက်နှာနဲ့နားတွေကနီလာရော ယုန်ပေါက်လေးလို ဖြူဖြူကောင်လေးဆိုတော့ သိသိသာသာနီလာ တာ..  ကျွန်တော့်သူ့ကိုချီပြီး အိမ်ရှေ့ခန်းကဆိုဖာပေါ်ပစ်ချလိုက် တယ်. သူအတင်းရုန်းနေတုန်းဘဲ. ကျွန်တော်သူ့ကိုအုပ်ပြီး လက်တွေ ကိုချုပ်ထားတော့..

"အိုဆယ်ဟွန်း ! ကျွန်တော့်ကိုလွှတ်စမ်း!! "

"မလွှတ်ဘူး ! မင်းသိပ်ကိုငိုချင်နေတယ်မှလား "

"ခင်ဗျား မယုတ်မာနဲ့နော် ! "

ကျွန်တော့်မျက်နှာကသူ့မျက်နှာနားကိုအတင်းကပ်သွားတော့ သူ့က မျက်မှောင်ကြုတ်ပြီး မျက်လုံးကိုအတင်းမှိတ်ထားတယ်. နောက်ပြီး အသံပြဲကြီးနဲ့အော်တော့တာဘဲ. ကျွန်တော်သူ့မျက်နှာနားကခွာသွား တာတောင်မသိဘဲ မျက်စိမှိတ်ပြီးအော်နေတာ..

" အား.....!!!! "

ကျွန်တော်ခေါင်းသာအသာခါပြီး ကြမ်းပြင်ပေါ်မှာကျွန်တော်တို့ကို ကြည့်နေတဲ့ Vi Viကိုလှမ်းခေါ်ပြီး သွားချီလိုက်တယ်. အဲ့တော့မှ သူ့မျက်လုံးတွေပွင့်လာပြီး အော်နေတာလည်းရပ်သွားတယ်..

"အော်လို့ဝပြီလား "

"ခင်‌ဗျားကတကယ်လန့်အောင်လို့ "

"ငါကမင်းလိုယောက်ျားကြီးကိုဘာလုပ်ရမှာလဲ "

"ပြောမရဘူးလေ ကျွန်တော်ကအချောလေးဆိုတော့ ခင်ဗျားမဟုတ် တာလုပ်ချင်ရင်လုပ်မှာပေါ့ "

တကယ်ပါ ကျွန်တော်ထင်တယ် သူကလုံးဝဘဝင်ရူး..

"ဒါနဲ့ ခင်ဗျားကတစ်ယောက်တည်းနေတာလား"

"အင်း "

"ကျွန်တော့်ကိုပေး.! "

သူကကျွန်တော်ချီထားတဲ့Vi Viကိုဆွဲလုပြီးချီလိုက်တယ်.. သူ့ပေါင် ပေါ် Vi Viကိုတင်ပြီး ကျွန်တော့်ကိုမျက်စောင်းလှမ်းထိုးနေတယ်. နောက်တော့သူ့ခွေးကိုပြန်စကားတွေပြောနေလေရဲ့.. သူ့ကြည့်ရတာ အဲ့ခွေးကိုတော်တော်ချစ်ပုံဘဲ ကျွန်တော့်အထင်ဆိုရင် သူက
ကျွန်တော့်ကိုမနာလိုဖြစ်နေတာ..

UNIVERSEWhere stories live. Discover now