//Unicode//
ဒီရက်ပိုင်းတော့ဆယ်ဟွန်းတစ်ယောက် ဆေးရုံနဲ့အိမ် အိမ်နဲ့ဆေးရုံ မှာဘဲ လေလွင့်နေရပါပြီ..အကြောင်းကတော့ ဂျွန်မြောင်ကသူ့အိမ် ကိုကိစ္စရှိတယ်ဆိုတဲ့အကြောင်းပြချက်တခုနဲ့ပြန်သွားချင်းကြောင့် ပင်ဖြစ်သည်.. ပထမရက်တွေကသူတို့ညတိုင်း Video call ပြော ပြီးမျက်နှာလေးတွေ့ရပါသေးသည်. ဒါပေမယ့်နောက်ရက်တွေကျ တော့ ဖုန်းတောင်ပြောဖို့အနိုင်နိုင်..
" ဟယ်လို Jun "
" ဂျွန်မြောင် အိပ်သွားပြီဆယ်ဟွန်း မနက်သူအလုပ်ကိစ္စနဲ့ studio ကိုအစောကြီးသွားရဦးမှာ "
" အာ.. ဟုတ်ကဲ့မင်ဆော့ဟျွန်း "
ဂျွန်မြောင့်ကိုမမြင်ရရင်တော့အသံလေးကြာရင်ကျေနပ်ပါတယ်ဆိုတဲ့ အသိစိတ်နဲ့ဆက်လိုက်ပေမယ့် တဖက်ကဖုန်းကိုင်တဲ့သူက မြတ် နိုးရသူဟုတ်မနေပေ.. ပုံမှန်ဆို ဂျွန်မြောင်ဒီလောက်အစောကြီးမ
အိပ်တတ်တာ ဆယ်ဟွန်းသိတာပေါ့. အလုပ်များနေလို့နေမှာပါဆို တဲ့အတွေးနဲ့ဘဲဖြေသိမ့်ရင်း ဒီတညတော့လည်း ညတာကရှည်ပြန်ဦး မယ်.." Yaa.. ဆယ်ဟွန်း မျက်နှာကသုန်မှုန်နေတာဘဲ ဘာဖြစ်တာလဲ "
လူနာကိုကုနေတော့လည်း စိတ်မပါသလိုမျက်နှာသေနဲ့လုပ်နေတဲ့
ဆယ်ဟွန်းတစ်ယောက် ဂျူတီချိန်မရှိလို့ ခဏထိုင်စကားပြောကြ
မယ်ဆိုတော့လည်း သက်ပြင်းကြီးသာလှိမ့်ချနေသည်.. အထူးပါး နားလည်တဲ့ Jong Dae လိုလူမျိုးမပြောနဲ့ ငပိန်းကိုသွားမေးရင် တောင် သူတစ်ခုခုဖြစ်နေတာအရမ်းသိသာသည်.."ဒီလိုပါဘဲ "
ဆယ်ဟွန်း အသက်မပါသလို ပေါ့ပျက်ပျက်ဖြေရင်း ကော်ဖီခွက်ကို ကိုင်ကာ ဘေးကပြတင်းပေါက်ကနေတဆင့်အဝေးကိုငေးကြည့်နေမိ သည်..
" မဟုတ်သေးပါဘူး မင်းဟာက တခုခုဖြစ်နေတာသေချာတယ် ဘာဖြစ်တာလဲ ဆယ်ဟွန်း "
သက်ပြင်းရှည်ကြီးဆွဲချလိုက်ရင်း ကော်ဖီခွက်ကိုပြန်ချကာ Jong Dae ကိုသေချာပြန်ကြည့်ရင်းပြောလာသည်. မပြောလို့လဲမရ သူဒီရက်ထဲ depressionတွေအတောင့်လိုက်ဝင်နေပြီ..
"Jun အိမ်ပြန်သွားတယ် Dae "
"အေးလေ မင်းတခါပြောလို့ငါသိတယ်လေ "
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "