//Unicode//
Jun ကတော့သေချာပေါက် သူနဲ့အတူမသွားလို့ စိတ်ဆိုးသွားမှာ အသေချာပင်.. ပြီးခဲ့တဲ့ရက်တွေမှာ ကျွန်တော်တစ်ယောက်တည်း အများကြီးတွေးဖြစ်ခဲ့သည်။ Jun နဲ့ကျွန်တော်တို့ကြားကကိစ္စ တချို့ဘဲဆိုပါတော့. တစ်ယောက်တည်းအထီးကျန်ပြီး ဘယ်သူနဲ့မှ မပတ်သတ်ချင်တော့တဲ့ ကျွန်တော့်ဆီကို Jun ကဘဲစလို့ရင်းနှီးမှု ယူခဲ့သည်မှလား. အဖြစ်အပျက်တိုင်းကမြန်ဆန်လွန်းတယ် ကိုယ်တိုင်ပြန်တွေးမိတော့ Jun ကိုကျွန်တော်လက်မလွှတ်နိုင်တော့ အောင် မြတ်နိုးမိသွားပြီ။ " Jun ကိုယ့်ကိုလက်ထပ်ပါ " ကျွန်တော် ဆုံးဖြတ်ပြီးပြီ Jun ကိုလက်ထပ်ယူပြီး ကျွန်တော်တို့တရားဝင် အိမ်ထောင်တစ်ခုထူထောင်ဖို့အတွက်..
" ဟွန်း.. တ..တကယ် ပြောနေတာလား "
" တကယ်ပေါ့.. Jun ကိုစချစ်ထဲက ကိုယ်တို့လက်ထပ်ဖို့အထိ
တွေးခဲ့တာ လို့ပြောရင် Jun ယုံလား "တွေဝေချင်းမရှိဘဲ ပြာပြာသလဲခေါင်းငြိမ့်တဲ့ကောင်လေးက တကယ့်ကိုကျွန်တော့်ရဲ့ကမ္ဘာကြီးပါဘဲ.. မျက်ရည်တွေဝဲနေတဲ့ မျက်လုံးအစဉ်က အရင်ကထက်ပိုလို့တောင်အရောင်လက်နေသေး သည်..
" ကိုယ့်ကိုလက်ထပ်မယ်မှလား "
" အင်း..အင်း.. လက်ထပ်မယ် "
" ကျေးဇူးပါJunရယ် ကိုယ်Jun ကိုအများကြီးချစ်တယ် "
ဖြူဖြူသွယ်သွယ်လက်တွေမှာ လက်စွပ်ကိုဝတ်ပေးလိုက်တော့ ထင်ထားတာထက်ကိုပိုပြီး လက်လှလှလေးနဲ့ပဏာသင့်နေလိုက်တာ. မတ်တပ်ရပ်လိုက်ရုံဘဲရှိသေးတယ် ရင်ခွင်ထဲအတင်းတိုးပြီးဝင်လာ တဲ့ချစ်ရသူရယ်ပါ.
" ဟွန်း ကိုအများကြီးချစ်တယ် "
အဖျားခပ်တုန်ရီနေတဲ့အသံနဲ့ ဖက်ထားတဲ့ကိုယ်သေးသေးလေးက လည်းတသိမ့်သိမ့်တုန်နေပြန်သည်. အင်္ကျီပုခုံးကနေတဆင့်စိမ့်ကျ လာတဲ့အရည်တွေက ဒီကောင်လေးမျက်ရည်တွေမှလွဲပြီး တခြား ဖြစ်စရာမရှိ ။
" မငိုနဲ့တော့လေ "
" အင်း. ဟင့်. ဂျွန်မြောင်ကပျော်လို့ပါ "
" ကိုယ်လည်းပျော်တာဘဲ Junကကိုယ့်ကိုလက်ခံပေးလို့ "
" ဒီလိုစီစဉ်တာအစကမပြောထားဘူး ဒီကတော့ ခင်ဗျားကမ်းခြေ လိုက်မလာတော့ စိတ်တိုပြီးငိုလိုက်ရတာ "
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "