//Unicode//
ကျွန်တော်ဒီနေ့ဆေးရုံမှပထမဆုံးအလုပ်စဆင်းပေမယ့်..ဆေးရုံအုပ် က မနက်ပိုင်းဘဲဆင်းပြီး ညနေပြန်ဖို့ပြောလာတယ်.. နောက်ရက်မှပုံ မှန်အတိုင်းအလုပ်ဆင်းတဲ့လေ.. ကျွန်တော်လက်ခံလိုက်ပါတယ် ညနေဂျွန်မြောင်ကိုသွားကြိုရဦးမယ်မှလား. ဆေးရုံမှာကျွန်တော် အရင်ကလိုခွဲစိတ်ခန်းဝင်တာမလုပ်ဘဲ ဒီတိုင်းခွဲဖို့မလိုဘဲ သာမာန် ရောက်လာတဲ့လူနာတွေကိုဘဲကြည့်ပေးဖြစ်တယ်. အလုပ်ထဲပြန် ရောက်လာလို့လားမသိ ကျွန်တော့်ရဲ့စိတ်တွေကအရင်ကလိုပြန်ပြီး တည်ငြိမ်လာတယ်..
"ဆယ်ဟွန်း မင်းခဏနေပြန်တော့မှာမှလား "
"ဟုတ်တယ် နက်ဖြန်မှဘဲပုံမှန်အတိုင်းအလုပ်ပြန်လုပ်ရမှာဘဲ "
"ကောင်းပါတယ် ဒါနဲ့ဆယ်ဟွန်း "
Daeကကျွန်တော့်ပုခုံးနှစ်ဖက်ကိုကိုင်ပြီး ကျွန်တော့်ကိုဆွဲဖက်လိုက် တယ်.. ကျွန်တော်သိပါတယ် Dae ခုချိန်ဘယ်လိုခံစားနေရမလဲ Daeကအဲ့လိုလူမျိုး. ကျွန်တော့်အတွက်အမြဲတွေးပေးပြီး ကျွန်တော့်ကိုသိပ်ချစ်တာ. ခဏကြာတော့ ကျွန်တော့်ပုခုံးကစိုစွတ် မှုကိုသတိထားမိလိုက်တယ်. Daeကငိုနေလေရဲ့..
"Dae.. ဘာလို့ငိုနေတာလဲကွာ "
"မငိုပါဘူးကွ "
ကျွန်တော့်ကိုဖက်ထားတာကခွာပြီး မျက်ရည်တွေသုတ်ရင်းပြော လာတယ်..
"ဒါဆိုငါ့ပုခုံးမှာစိုနေတာ တံတွေးတွေလား "
"ဟား..အေး ငါထွေးချထားတာ "
"ယုတ်မာတာကိုက "
"ဆယ်ဟွန်း ငါအတည်ပြောတာ မင်းဘယ်လိုဖြစ်လို့ဒီလိုပုံမှန်ပြန် ဖြစ်လာတာလဲ ငါတို့အကြာကြီးပြောခဲ့တာတောင် မပြင်တဲ့ကောင် ကခုဘာတွေအစားမှားနေတာလဲ "
" Dae မသိဘူးလား လူတွေကပြောင်းလဲတတ်တယ်လေ ဟား.."
ကျွန်တော်ဘာမှရေရေရာရာဆက်မပြောဘဲ ဒီတိုင်းထွက်လာခဲ့လိုက် တယ်..အမှန်ဆိုဒီမေးခွန်းရဲ့အဖြေကိုကျွန်တော်ကိုယ်တိုင်လည်းဝေ ခွဲမရသေးဘူး..အားလုံးသေချာသွားမှာDaeကိုပြောပြဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်. အလုပ်လုပ်ရတာပင်ပန်းသလိုရှိပေမယ့် ဘာ ကြောင့်မှန်းမသိကျွန်တော်ပျော်နေတယ် အလုပ်ကြောင့်လား?? ဒါမှမဟုတ် ခဏနေရင်တွေရမယ့်အဲ့ဒီ့လူကြောင့်လား.. ကျွန်တော် ကားကိုအနည်းငယ်အရှိန်မြှင့်ပြီးမောင်းလာခဲ့လိုက်တယ်. ရိုက်ကူး ရေးနေရာရောက်တော့ ကျွန်တော့်စိတ်တွေအလိုလိုညစ်ထေးသွား ရပြီ.. တရားခံကတော့ Wu Yi Fan.
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "