// Unicode //
မနက် Daeဆီကနေ ရာအွန် ကားတိုက်မှုဖြစ်တယ်ဆိုတဲ့သီတင်း
ကြား ကြားချင်းကျွန်တော်ဆေးရုံကိုအပြေးလိုက်လာခဲ့သည်.. ပိုလို့စိတ်ပူ မိသည်က တိုက်မိတဲ့ကားပိုင် ကျွန်တော့်ရဲ့Jun ကိုပါ..
ကျွန်တော်ဆေးရုံထဲကိုဝင်ပြီး လူနာအခန်းရှိရာကိုမေးလို့ ခပ်သွက် သွက်ဝင်လာခဲ့သည်.. အခန်းထဲကရောက်တော့ ရာအွန်းရဲ့ဘေးမှာ ငုတ်တုတ်လေးအိပ်ပျော်နေတဲ့Jun.. အနားကိုဖြေးဖြေးလေးတိုးပြီး သွားကြည့်မိသေးတယ် . ဘယ်နှစ်ရက်မှမရှိသေးဘူး မျက်နှာလေး ကချောင်သွားလိုက်တာ.." ဆယ်ဟွန်း မင်းတောင်ရောက်နေပြီကို "
သေချာတောင်မငေးကြည့်လိုက်ရသေးခင်မှာဘဲ Dae ကအခန်းထဲ ကိုတင်လာသည်မို့ ကျွန်တော်တို့အတူဆေးရုံနားက ကော်ဖီဆိုင်ကို ဘဲထွက်လာခဲ့ကြသည်..
" ဘယ်လိုဖြစ်တာလဲ Jun ခိုက်မိထားတာရှိသေးလား "
" ဂျွန်မြောင်ကဘာမှမဖြစ်ပါဘူး ရာအွန်းကတော့ဓားထိုးခံရတာ "
" ဓားထိုးခံရတာ!!! "
" ဟုတ်တယ် ညကဂျွန်မြောင်ရဲ့ဒါရိုက်ဘာပြောပုံအရတော့ သူကကားရှေ့ရုတ်တရက်ကြီးဝင်ပြေးလာတာတဲ့ ဖြစ်နိုင်ခြေက တစ်ယောက်ယောက်လိုက်သတ်နေတာဘဲ "
" ဘာတွေဖြစ်ကုန်တာလဲကွာ Dae မင်းဘယ်သူဖြစ်မယ်ထင်လဲ ငါကတော့... "
" အင်း မင်းထင်တဲ့လူနဲ့ဘဲပတ်သတ်နေမယ်ထင်တယ် "
" ဒါပေမယ့် သူဒီလိုဓားထိုးခံရတာလည်းကောင်းတာဘဲ "
" ဟမ်. မင်းကွာသူများကို "
" ကျစ်!! နောက်မနေနဲ့ ငါပြောတာသူငါတို့ဆီရောက်လာတာလေ အဖြေကသူ့ဆီမှာရှိလိမ့်မယ် "
" ဟုတ်တယ် ဒီအခြေနေမှာတော့ သူငါတို့ကိုမငြင်းလောက်ဘူး "
" ဒါနဲ့ Jun ကတညလုံးလာစောင့်နေတာလား လူလွှတ်စောင့်ရင် ရတာကို "
" သူကသိချင်နေတာ ရာအွန်းနဲ့ငါတို့အကြောင်းကို "
" ခက်တယ် ဒီကောင်လေးကမဆိုင်တာဝင်ပါပြန်ပြီ "
" အဲ့ဒါမင်းကိုချစ်လို့လေ "
" ငါလည်းချစ်လို့မပါစေချင်တာပေါ့ကွ "
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "