// Unicode//
ဆယ်ဟွန်းရဲ့ စကားသံအဆုံးမှာ အခန်းတစ်ခုလုံးတိတ်ဆိတ်သွား သည်.. အနောက်အကွယ်ကနေရပ်ကြည့်ရင်း ကျွန်တော့်ရင်တွေကပို လို့ပူလာရပါတယ်. မီဒီယာသမားတွေဘာမှဆက်မပြောပါနဲ့လို့ တိတ်တိတ်လေးဆုတောင်းနေမိတာအမှန်ပါ. ကျွန်တော်ဆယ်ဟွန်း အကြောင်းသိတယ် အားလုံးရဲ့တွန်းအားတွေကြောင့် အရင်ကတွေး ခဲ့တဲ့အပြစ်တင်စိတ်တွေတခါပြန်ပြီး အသက်ဝင်လာမှာကြောက် သည်.. တဇွတ်ထိုးလုပ်တတ်လွန်းလို့ သူ့သဘောနဲ့သူထောင်ထဲဝင် သွားမှာလည်းကြောက်သည်.. တိတ်ဆိတ်နေတဲ့အခန်းထဲကအသံ တစ်ခုထပ်ထွက်လာကြောင့် နှလုံးခုန်သံကပိုလိုမြန်လာမိသည်..
" ဒါဆိုသွားလေ ! "
ရှင်းလင်းပွဲစပြီးလုပ်ထဲက အဲ့ဒီ့မီဒီယာသမားကဆယ်ဟွန်းစကားကို သေချာနားမထောင်ဘဲ ဆက်တိုက်အကန်တွေချည်းပြောကာ ထိုးနှက်နေသည်.. ခုလည်းအားလုံးကတွေဝေနေပေမယ့် သူကထ ကာထပ်ပြီးပြောလာသည်. ဂျုံဒယ်ကစိတ်ဆိုးပြီးဝင်ကာပြောပေ မယ့် ဆယ်ဟွန်းကတုတ်တုတ်မျှမလှုပ်..
" ဘယ်လိုပြောလိုက်တာလဲ အမှုကိုမိသားစုကိုယ်တိုင်ကပိတ်ခဲ့တာ အစပျိုးခဲ့တာလည်းဦးလေးလီပါလို့ပြောခဲ့ပြီးပြီလေ မိဘသေဆုံး တာ သူ့ထက်ဘယ်သူကပိုကြေကွဲနိုင်မှာလဲ ဒီနှစ်တွေမှာဆယ်ဟွန်း ဘယ်လိုနေခဲ့ရလဲရော ခင်ဗျားတို့သိရဲ့လား! "
" ဟက်.. ဝမ်းနည်းပေမယ့် magazineတော့ရိုက်လိုက်သေး တယ်မှလား "
ထိုမီဒီယာသမားကတိတ်မသွားတဲ့အပြင် ခနဲ့တဲ့တဲ့စကားကိုပါ ရွံစရာမျက်နှာပေးနဲ့ပြောလာတာမို့ ကျွန်တော်ကိုယ်တိုင်သူ့မျက်ခွက် ကိုယ်တိုင် ထွက်ပြီးဆွဲထိုးလိုက်ချင်သည်..
" ပြီးခဲ့တာနှစ်ကြာခဲ့ပြီ လူတစ်ယောက်ကို အတိတ်မှာနစ်မြုပ်ပြီး ဘဝကိုအဆုံးသတ်စေချင်တာလား.. ဆယ်ဟွန်းကပြီးခဲ့တဲ့အချိန် တွေမှာ ဘာကိုမှမလုပ်ဘဲသေလူလိုနေခဲ့တာ သူ့ဘဝကပြန်ပြီး အဆင်ပြေလာတာမကြာသေးဘူး "
" အင်းပါ မင်းတို့ပြောတော့လည်းမင်းတို့စကားပေါ့... "
ထိုလူကရည်ရွယ်ချက်ရှိရှိကိုတိုက်ခိုက်နေတာ..
YOU ARE READING
UNIVERSE
Romance" ချစ်တယ်.. ကိုယ့်ဘဝထဲဝင်လာပြီး ပျော်ရွှင်မှု ပြောင်းလဲမှု တိုင်း ကိုသယ်ဆောင်လာပေးတယ်.သူများတွေအတွက် ကမ္ဘာကဘယ်လို ပုံသဏ္ဌာန်ရှိမလဲ ကိုယ်မသိဘူး. ကိုယ့်ရဲ့ကမ္ဘာကတော့ Jun ဘဲ. တခြားအရာနဲ့မတူဘူး ကိုယ့်အတွက်တစ်ခုဘဲရှိတဲ့ဖြစ်တည်မှု "