ကျောင်းသို့ရောက်ရောက်ချင်းစာသင်ခန်းထဲမှာကျောပိုးအိတ်ဝင်ထားကာမုန့်စျေးတန်းသို့ထွက်လာခဲ့သည်။ရေခဲမုန့်ဝယ်ရန်ရေခဲမုန့်ဆိုင်ကိုကြည့်လိုက်သောအခါတန်းစီနေသောကျောင်းသားကျောင်းသူများကြားတွင်ကောင်းလေးကိုလည်းတွေ့ရသည်။
"ကောင်းလေး……"
ရေခဲမှုန့်ဆိုင်မရောက်ခင်ကောင်းလေးကိုလှမ်းခေါ်လိုက်သည်။"လရောင်…ငါဒီမှာ"
ကောင်းလေးကကျွန်တော့်ကိုလက်ယမ်းပြနေသည်။ကောင်းတိမ်လွှာကျွန်တော်ကငယ်သူငယ်ချင်းတွေလေ။သူကတော့စာဂျပိုးပေါ့…ကျွန်တော်ကတော့…ဟီးးး…စာဆိုရင်ဝေလာဝေးဟုတွေးကာပြုံးလိုက်ပြီးကောင်းလေးနားသို့သွားလိုက်သည်။"ရေခဲမှုန့်လာဝယ်တာလား"
"အေး…ငါရောက်နေတာကြာလှပြီ"
ကောင်းလေး၏ရှေ့တွင်ကျောင်းသားကျောင်းသူ၅ယောက်လောက်ရှိနေသေးသည်။"မင်းအိမ်စာတွေပြီးပြီလား…လရောင်"
"ဟီးးးထုံးစံအတိုင်းပဲ"
"ပြီးရင်ငါ့ကိုပြအုံး"
ပါးချိုင့်သေးသေးလေးနှစ်ဖက်ပေါ်အောင်ရီပြောလာသည့်လရောင်ကိုကောင်းလေးလက်မြှောက်အရှုံးပေးလိုက်တော့သည်။"ချစ်လရောင်…နောက်မှာချစ်လရောင်"
နှစ်ယောက်သားစကားပြောနေချိန်တိုးတိုး…တိုးတိုးပြောသံများကြောင့်ရှေ့သို့လှည့်လိုက်သည်။ကျောင်းသားကျောင်းသူတွေအားလုံးကလရောင်အားလမ်းဖယ်ပေးကြသည်။"လရောင်…မင်းကတော်တော်လေးကိုpopularဖြစ်တာပဲ"
လရောင်ကတော့ချစ်လရောင်ပဲလေဟူသောမျက်နှာပေးမျိုးနဲ့မျက်ခုံးနှစ်ဖက်ကိုပင့်ပြလာသည်။😁😁😁"လာ…ရေခဲမုန့်သွားဝယ်ရအောင်"
စတော်ဘယ်ရီအရသာရေခဲမုန့်ကိုဝယ်ပြီးဆိုင်ထဲမှနှစ်ယောက်စလုံးထွက်လာခဲ့သည်။"ကောင်းတိမ်လွှာ…ကောင်းတိမ်လွှာ"
လူတစ်ယောက်ကောင်းလေးတို့အနားကိုအလျှင်စလိုပြေးလာနေသည်။"ဟူး…မောလိုက်တာ"
ခဏလောက်အနားယူပြီးမှ"ကောင်းတိမ်လွှာ…မင်းအစ်မတခြားမိန်းကလေးတစ်ယောက်နဲ့ရန်ဖြစ်နေလို့"
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...