ဦးနေသူရိန်နှင့်ဦးကြည်ထွန်းတို့ရယ်လိုက်မောလိုက်ဖြင့်စကားပြောကျအချိန်အတော်ကြာပြီဖြစ်လေသည်။ မတွေ့ရတာကြာပြီ ဖြစ်သဖြင့်စကားကောင်းနေကျလေသည်။ မုန်းမဒီ လဲပြုံးပြုံးရွှင်ရွှင်ဖြင့် စကားဝိုင်းထဲ လိမ္မာပါးနပ်စွာသိမ်မွေ့သူပီပီ တိတ်တဆိတ်နေလေသည်။မုန်းမဒီတစ်ယောက်တစ်ခါတစ်ရံ လွမ်းထက်ကြယ်အားခိုးခိုးကြည့်နေသော်လည်းလွှမ်းထက်က သူ့အားကြည့်မလာဘဲကိုယ့်အတွေးနဲ့ကိုယ်တစ်ချက်တစ်ချက်ပြုံးနေလေသည်။
ခဏအကြာဒေါ်ဟန်နီချိုတစ်ယောက်မီးဖိုခန်းထဲသို့ဝင်လာခဲ့လေသည်။ မုန်းမဒီလဲအလိုက်တသိဖခင်ဖြစ်သူဦးကြည်ထွန်းအားခွင့်တောင်းကာမီးဖို့ခန်းထဲလိုက်လာခဲ့လေသည်။ ဦးနေသူရိန်လဲသားရှေ့ရေးကြိုတွေး၍မုန်းမဒီအားအမှတ်ပြည့်ပေးနေလေတော့သည်။ မီးဖိုထဲတွင်လဲဒေါ်ဟန်နီချိုနှင့်မုန်းမဒီတို့အတိုင်အဖောက်ညီစွာစားစရာများပြင်ဆင်နေတော့သည်။ စကားကိုပြေပစ်စွာပြောဆိုတက်သည့်အပြင်သွက်သွက်လက်လက်ဖြင့် အလိုက်သိသည့်မုန်းမဒီအားဒေါ်ဟန်နီချိုတစ်ယောက်အောက်သပ်ကြေသူဟုမှတ်ချက်ပေးလေသည်။ နေ့လည်၁၂နာရီထိုးခါနီးသောအခါဒေါ်ဟန်နီချိုတစ်ယောက်မီးဖိုခန်းထဲကထွက်လာပြီး"ကဲဒီသူငယ်ချင်းတွေတော့ စကားကောင်းနေတာနဲ့ထမင်းစားဖို့တောင်မေ့နေပြီပေါ့"
"ဟုတ်ပါ့အချိန်တောင်အဲ့လောက်ဖြစ်သွားပြီလား လာသူငယ်ချင်းထမင်းစားရအောင်"
"ဟုတ်ပါပြီဗျာ" ထို့နောက်ထမင်းစားခန်းထဲ၌စကားသံများဖြင့်စည်ကားနေလေတော့သည်။ မုန်းမဒီတစ်ယောက်လူကြီးများထံမှချီးကြူးစကားကြားရသော်လည်းသူမမျှော်လင့်ထားသူဆီမှဘာစကားမှထွက်မလာချေ။ မုန်းမဒီသည်တိတ်တခိုးကြည့်နေသော်လည်လွမ်းထက်ကြယ်မှာတော့ထမင်းပန်းကန်ကြီးကိုကြည့်ပြီးစိတ်ထဲတွင် 'ဟိုပိစိနေများကောင်းရဲ့လား၊ ထမင်းရေကောင်းကောင်းစားပါ့မလား၊ ဆေးရောအချိန်မှန်သောက်ရဲ့လား' ဟူ၍အတွေးများ စိုးမိုးနေလေတော့သည်။
နေ့လည်၁နာရီ၌
"တီးတောင်...တီးတောင်" ဘဲတီးသံကြားရာတံခါးမကြီးဆီသို့ဒေါ်မြနှင်းသွယ်တစ်ယောက်လျှောက်လာခဲ့သည်။
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...