Part 11

17 3 0
                                    

တနင်္ဂနွေနေ့မနက်ထမင်းစားဝိုင်း၌
လရောင်နှင့်ဒေါ်မြနှင်းသွယ်တို့မနက်စာစားနေချိန်.

"သားလေး…ဒီနေ့မေကြီးနဲ့စျေးလိုက်ခဲ့ပါလား"

"အင်းးး…မေကြီးမုန်ဝယ်ကျွေးမှာလား"
ဟူ၍မေးလေးကိုပွတ်ကာပြောနေသောသားဖြစ်သူကိုဒေါ်မြနှင်းသွယ်အသည်းယားကာခေါင်းလေးကိုပွတ်လိုက်ပြီး

"ဒီကောင်လေးတော့…မေကြီးကမင်းကိုဘယ်တုန်း
ကမုန့်မကျွေးပဲနေလို့လဲ"

"ရေးး…အဲ့ဒါဆိုလိုက်မယ်"ဆိုပြီးစားလက်စမနက်စာကိုပြုံးစိစိနဲ့စားနေတဲ့သားဖြစ်သူကိုကြည့်ပြီးဒေါ်မြနှင်းသွယ်တစ်ယောက်ခေါင်းကိုသာယမ်းခါနေမိတော့သည်။

မနက်စာစားပြီးနောက်အိမ်ပေါ်တက်သွားတဲ့သားဖြစ်သူဆင်းမလာသေးတာကြောင့်နာရီကိုကြည့်လိုက်သောအခါ၈နာရီထိုးနေပြီဖြစ်သည်။နေမြင့်နေပြီဖြစ်သောကြောင့်ဒေါ်မြနှင်းသွယ်တစ်ယောက်သားဖြစ်သူကိုလှမ်းခေါ်လိုက်သောအခါ
စပို့ရှပ်အဖြူရောင်လေးကိုဘောင်းဘီအနက်ရောင်ဒူးတိုလေးနှင့်လိုက်လျောညီထွေစွာဝတ်ဆင်ထားပြီးလှေကားပေါ်မှပြေးဆင်းလာသည့်သားဖြစ်သူကိုတွေ့လိုက်ရသည်။စိတ်ထဲတွင်တော့'ကိုဘုန်းရေ…သားလေးကတော့အရင်ကထက်ပိုချောပြီး
အရွယ်တောင်ရောက်လာပြီ…အခုချိန်ရှင်သာရှိနေရင်ဘယ်လောက်ကောင်းမလဲ'လို့တွေးနေချိန်လရောင်မှာအနားရောက်နေပြီဖြစ်ပြီးဒေါ်မြနှင်းသွယ်လက်ကိုဆုပ်ကိုင်လိုက်ပြီဖြစ်သည်။ထိုအခါမှအသိစိတ်တွေပြန်ဝင်လာကာလရောင်ကိုကြည့်လိုက်ပြီး

"ပြောပါအုံး…ဘာလို့ဒီလောက်တောင်ရှိုးတွေထုတ်နေရတာလဲ"

"အော်…မေကြီးကလဲ…မေကြီးမှာဒီလိုသားချောလေးရှိတာကိုတစ်ခြားသူတွေသိအောင်လို့သားကလုပ်ပေးတာပါ"😄😄😄

"အေးအေး…ပြီးမှမေကြီးယောက်မမြန်မြန်ရနေပါအုံးမယ်"

"စိတ်ချပါ…သားဘယ်ကောင်မလေးကိုမှစိတ်ဝင်မစားပါဘူး"

"စောင်ကြည့်ရသေးတာပေါ့နော်…လာ…​စျေးသွား
ရအောင်…နေမြင့်နေပြီ"ဟူ၍စျေးသို့သားအမိနှစ်ယောက်ထွက်လာခဲ့သည်။​နေရောင်ဖြိုးတိုးဖြောက်တောက်များဖြာကျနေပြီးလေပြေလေညှင်းအေးအေးလေးများတိုက်ခိုက်နေတဲ့စျေးကိုသွားတဲ့လမ်းတစ်လျောက်၌သားအမိနှစ်ယောက်သားစကားတပြောပြောနဲ့စျေးကိုရောက်လာခဲ့သည်။စျေးထဲ၌အတော်ကြာစျေးဝယ်ပြီးနောက်သားအမိနှစ်ယောက်ရဲ့လက်တွေ၌ဝယ်ထားသောစျေးအိတ်များစုပြုံနေပြီဖြစ်သည်။ထိုအချိန်

Wish or Fate Where stories live. Discover now