Part 19

26 3 0
                                    

တစ်လခန့်ကြာသော်

"တီးတောင်…တီးတောင်"

ဒေါ်မြနှင်းသွယ်ဟင်းချက်နေတုန်းတံခါးဘဲလ်သံကြောင့်အပေါ်ထပ်၌အဝတ်အစားလဲနေသည့်လရောင်အား

"ယုန်ပေါက်လေးရေ…ထုံးစံအတိုင်းသားကိုကိုရောက်နေပြီထင်တယ်…အောက်ဆင်း​လာခဲ့တော့"

အမေဖြစ်သူခေါ်သံကြောင့်လရောင်အောက်ထပ်သို့ပြေးဆင်း၍တံခါးသွားဖွင့်လိုက်သည်။

"ခဏလေးကိုကို…လွယ်အိတ်သွားယူလိုက်အုံးမယ်"

"အင်း"လရောင်လွယ်အိတ်သွားယူနေတုန်းလွှမ်းထက်ဒေါ်မြနှင်းသွယ်ရှိရာမီးဖိုချောင်အခန်းထဲသို့သွားလိုက်သောအခါ

"အန်တီဘာဟင်းတွေချက်နေတာလဲ…အနံ့တွေကမွှေးနေတာပဲ"

"ဒီနေ့တော့ပုစွန်ထုပ်ဆီပြန်ဟင်း…ကမွန်းချဥ်ရွက်ဟင်းချိုနဲ့ပြောင်းဖူးအချိုကြော်တယ်…သားညီလေးကပုစွန်ထုပ်ဟင်းစားချင်တယ်ပူဆာလို့လေ"

"ဟားဟား…ဟင်းတွေကတော့ရှယ်ပဲ…သားတောင်ဗိုက်ဆာလာပြီ"

"ဒါဆိုနေ့လည်ကျောင်းဆင်းရင်သားပါယုန်ပေါက်လေးနဲ့အတူထမင်းဒီမှာစားလိုက်လေ…အန်တီသားမေမေကိုဖုန်းဆက်လိုက်မယ်လေ"

"ရပါတယ်အန်တီ…သားနောက်တစ်ခါမှပဲလာစားပါတော့မယ်"

"အန်တီတို့ကိုအားမနာနဲ့သား…ဒီအိမ်ကိုသားအိမ်လို့ပဲသဘောထားနေ"

"ဟုတ်ကဲ့အန်တီ"ထိုအချိန်

"အဟွန်း…ဒီစကားဝိုင်းမှာဘာတွေပြောနေလို့
ဒီလောက်ပြုံးရွှင်​နေကြတာလဲ…မသိရင်သားအမိတွေကြနေတာပဲ…မေမေ့သားအရင်းကဒီမှာပါနော်"ဟူ၍လရောင်တစ်ယောက်သူမေမေကိုဖက်ပြီးချွဲနေလေရဲ့။လရောင်ကိုကြည့်ပြီးလွှမ်းထက်ကတော့'အချွဲလေး'ဟုတွေး၍ခေါင်းသာခါနေလေသည်။

"လာ…ငါတို့ကျောင်းသွားရအောင်"

"ဟုတ်…သားတို့သွားတော့မယ်နော်မေကြီး"

"အေးအေး…ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့"ဟုပြောပြီးနှစ်ယောက်သားအိမ်ရှေ့ရှိစက်ဘီးရပ်ထားရာနေရာသို့သွားလိုက်သည်။ပြီးနောက်လွှမ်းထက်ကစက်ဘီးပေါ်ခွပြီးအနောက်ခုံ၌လရောင်ကိုတက်ထိုင်ခိုင်းသည်။လရောင်တစ်ယောက်စက်ဘီးပေါ်ရောက်သည်လွှမ်းထက်ခါးကိုသူ့ရဲ့လက်သေးသေးတွေနဲ့ဖက်တွယ်ထားလိုက်သည်။အရင်တစ်ခေါက်ကစက်ဘီးမှောက်မလို
ဖြစ်ကတည်းကလရောင်ကစက်ဘီးပေါ်တက်ထိုင်တိုင်းသူ့ရဲ့ခါးကိုဖက်သည့်အကျင့်ကစွဲနေပြီဖြစ်သည်…ယခုတော့လုပ်နေကြအပြုအမူအတိုင်းဖြစ်ကာလွှမ်းထက်လဲဘာမှမပြောတော့ပေ။လွမ်းထက်စက်ဘီးစီးသောအခါတစ်ခါတစ်ခါသူရဲ့ခါးကိုဖက်ထားသည့်လက်လေးတွေကပိုတင်းကျပ်လာပြီးထိုကောင်လေးရဲ့ပါးဖောင်းဖောင်းလေးတွေကသူ့ရဲကျောပြင်ကျယ်ကြီးကိုလာလာထိနေသဖြင့်အသက်ရှူနှုန်းများပါမြန်လာရသည်။ကျောင်းရောက်တော့

Wish or Fate Where stories live. Discover now