Part 15

20 3 0
                                    

စနေနေ့မနက်ပိုင်း

လရောင်တစ်ယောက်ညတုန်းကအစ်ကိုဖြစ်သူ
ပြန်ရောက်တော့မည်ကိုတွေး၍သီချင်းလေးတဆာဆာနဲ့အခန်းကိုသန့်ရှင်းရေးလုပ်၍ဂိမ်း​​ဆော့ရာ
ညဥ့်နက်သွားသောကြောင့်ယခုထိမနိုးသေးချေ။ထိုအချိန်ဒေါ်မြနှင်းသွယ်ကအခန်းထဲဝင်လာပြီး

"သားလေး…၈နာရီကျော်နေပြီ…သားကိုကြီးက၁၂နာရီလောက်ကျရင်ရောက်လာလိမ့်မယ်နော်"ဟုပြောရင်းနဲ့လရောင်ကိုကြည့်ကာ

"သာယုန်ပေါက်လေး…စာသင်ရတာအဆင်ပြေရဲ့လား…စာတွေရောလိုက်နိုင်ပြီလား"လို့မေးလိုက်သောအခါအိပ်ချင်မူးတူးအသံလေးနှင့်မျက်လုံးမဖွင့်ဘဲ

"မေကြီးကလဲ…သားကဘယ်သူလဲ…သားကချစ်လရောင်ပါ…လိုချင်တာရှိရင်ဘယ်လို့အခက်အခဲမဆိုကျော်ဖြတ်ပြီးရအောင်ယူရဲတယ်"

"ဪဟုတ်ပါပြီ…ဒီနေ့ရောသားလွှမ်းကလာမှာလား"

"ဟုတ်…၉နာရီလောက်လာမယ်လို့ပြောတယ်"ဟုပြောပြီးပြန်အိပ်ပျော်သွားသောသားဖြစ်သူခေါင်းလေးကိုပွတ်ပေးပြီးအောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။

လွန်းနိုင်နဲ့လွှမ်းထက်တို့မုန့်ဆိုင်တစ်ဆိုင်ထဲ၌ထိုင်
ပြီးမကြာမှီယွန်းနေခြည်ဝင်လာပြီးသူတို့ရှေ့ရှိခုံ၌ဝင်ထိုင်လိုက်သောအခါနှစ်ယောက်သားယွန်းကိုကြောင်ကြည့်နေမိကာပြီးမှလွန်းနိုင်က

"ဟဲ့ယွန်း……"

"ဘာလဲ"

"နင်…နင့်ဆံပင်တွေညှပ်ပစ်လိုက်တာလား"

"အေး"ခပ်မြန်မြန်ပြောလာတဲ့ယွန်းရဲ့စကား
ကြောင့်လွန်းနိုင်ရောလွှမ်းထက်ပါကြောင်နေမိသည်။သူတို့သိသောယွန်းနေခြည်သည်အလှအပကိုအရမ်းစိတ်ဝင်စားပြီးသူရဲ့အရာအားလုံးတွင်ဆံပင်ကိုတန်ဖိုးအထားဆုံးဖြစ်သည်။စကားပြောရာတွင်​ပွင့်ပွင့်လင်းလင်းနဲ့ပြတ်ပြတ်သားသားပြောတက်ပြီးဆံပင်ကိုထိရင်ဆက်ဆက်အထိမခံဖြစ်တက်သည်။သူမရဲ့ခါးလောက်ရှိသောဆံပင်များကိုဖားလားချထားပြီးလှလှပပနေတက်ကာရုပ်ချောပြီးအရပ်မှာ၅​ပေ၅လက်မလောက်ရှိသောကြောင့်သူ့မအားကြိုက်တဲ့သူများပြားသည်။ယခုတွင်တော့သူ့မရဲ့ပုံစံမှာရှေ့ဆံပင်များအားနှဖူး
ပေါ်သို့ချကာအလယ်မှဘေးနှစ်ဖက်သို့အနည်း
ငယ်ခွဲထားပြီးနား အနောက်ဘက်တစ်လျောက်သိမ်းထားကာဆံပင်မှာဂုတ်မထိတထိလောက်သာရှိတော့ပြီးsmartကျသည့်အသွင်အပြင်ကိုဖော်ဆောင်နေသည်။လွန်းနိုင်တို့ပို​အံသြရသည့်အကြောင်းမှာယွန်းသည်အရင်ကလိုမိန်းကလေးဆန်ဆန်မဝတ်တော့ပဲရှပ်အင်္ကျီအပွအဖြူရောင်ကိုဘောင်းဘီရှည်အနက်ရောင်ထဲထည့်ကာ
ယောက်ကျားလေးဆန်ဆန်ဝတ်ဆင်ထားသောကြောင့်ဖြစ်သည်။ယွန်းအကြောင်းကိုသိနေသောသူငယ်ချင်းနှစ်ယောက်အတွက်တော့ယခုအဖြစ်အပျက်သည်ထူးဆန်းလွန်းလှသည်။

Wish or Fate Where stories live. Discover now