ကြာသပတေးနေ့မနက်ခင်း၌၉နာရီထိုးဖို့၁၅မိနစ်လောက်သာလိုတော့တာကြောင့်
လရောင်တစ်ယောက်ကျောင်းသွားဖို့အလုပ်ရှုပ်နေသည်။"မြန်မြန်…မြန်မြန်…ကျောင်းနောက်ကျတော့မယ်"ဟူ၍ပြောပြီးအိမ်အောက်ထပ်ကိုအမြန်ဆင်းကာဒေါ်မြနှင်းသွယ်အားနှုတ်ဆက်ပြီးထမင်းမစားဘဲကျောင်းသို့ပြေးသွားသည်။ကျောင်းသို့သွား
သည့်လမ်း၌ပြေးနေတုန်း"ဒုတ်…အ့"
အာမေဒိတ်အသံနဲ့အရှေ့သို့လဲကျသွားပြီးပြေးလာတဲ့အရှိန်ကြောင့်လရောင်ရဲ့လက်မှာပွန်းသွားကာသွေးများထွက်လာသည်။
"အ့…သွေး…သွေးတွေ…ဟင့်…ဟင့်…ကျောင်းနောက်ကျနေပြီဆိုကာမှချောလဲရတယ်လို့…
ဟင့်"ဟူပြီးငိုတော့မယ်အသံလေးနဲ့ဖုန်များကိုခါပြီးထော့နဲ့ထော့နဲ့ဖြင့်ကျောင်းသို့ဆက်သွားခဲ့သည်။ကျောင်းရောက်တော့လရောင်ရဲ့အနားသို့
ဇိုင်းနှင့်ကောင်းလေးကရောက်လာပြီး"လရောင်…မင်းဘာလို့ဒီနေ့ဘာလို့ကျောင်းနောက်
ကျတာလဲ"ကောင်းလေးရဲ့အမေးစကားကြောင့်လရောင်မျက်နှာမဲ့လိုက်ပြီး"ငါ့ရဲ့နှိုးစက်ကခုမနက်ကျမှပျက်သွားလို့အိပ်ရာထနောက်ကျသွားတာ"
"မင်းကတော့ဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းပဲ"
"မင်းတောင်အဲဒီ့ဂုဏ်ပုဒ်ကိုရအောင်လုပ်နိုင်လို့လား"
"ဟုတ်ပါပြီ…ငါဘာမှမပြောတော့ပါဘူး"
"ဒါနဲ့ငါ့ကိုသင်္ချာပြအုံးနော်"
"အေး…ပြီးရင်ပြမယ်"
"ကျေးဇူးပဲဟီး"ဟုဆိုကာပြုံးပြလာသည့်သူငယ်ချင်းဖြစ်သူကိုကြည့်ကာကောင်းလေးတစ်ယောက်ခေါင်းခါမိသည်။ဇိုင်းကလဲလရောင်ရဲ့ရယ်ပုံလေးကိုကြည့်နေရင်းမထင်မှတ်ဘဲလရောင်လက်တွင်သွေးများထွက်နေသည်ကိုတွေ့လိုက်သောအခါလက်ကိုဆွဲယူလိုက်ပြီး
"ရောင်လေး…လက်ကဘာဖြစ်လို့သွေးတွေထွက်နေတာလဲ"
"အော်…ငါပြေးလာရင်းနဲ့လမ်းမှာချောလဲလာလို့…အဲ့ဒါကြောင့်သွေးထွက်နေတာ"
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...