လွှမ်းထက်တစ်ယောက်လရောင်ရဲ့စကားကြောင့်အခန်းထဲဝင်လိုက်သောအခါရေစိုနေသောဆံပင်များကိုသပတ်နှင့်သုတ်နေပြီးအေးနေ
တာကြောင့်လားမသိပါးလေးနှစ်ဖက်နှင့်နှာခေါင်းထိပ်ဖျားလေးမှာနီရဲနေသည်။နှုတ်ခမ်းလေးမှာလဲအရင်ကထက်နီနေသောကြောင့်ထူထူလေးနှင့်စွဲမက်ဖွယ်ကောင်းလွန်းလှသည်။T-shirtအပြာရောင်လေးအား ရှပ်အင်္ကျီအပွပန်းရောင်လက်ရှည်လေးကိုအပေါ်မှထပ်၍ဝတ်ဆင်ထားပြီးဘောင်းဘီဒူးတိုခရမ်းရောင်လေးကိုဝတ်ဆင်ထားသောကြောင့်နဂိုဖြူပြီးသားအသားရောင်လေးမှာဖြူလွန်းလို့ပန်းရောင်သန်းနေသည်။သူအားစိုက်ကြည့်နေကာကြောင် ရပ်နေသောလွှမ်းထက်ကြောင့်လရောင်မနေတက်စွာနှင့်"အဟမ်းး…ခုနကကိစ္စတွေအတွက်တောင်းပန်တယ်"
ထိုအခါမှလွှမ်းထက်အသိပြန်ဝင်လာပြီးအပြုံးတစ်ခုကိုပန်ဆင်ကာ
"မင်းကတောင်းပန်တာတောင်ယဥ်ယဥ်ကျေးကျေးမပြောတက်ဘူးလား""ခဗျားကြီး"ရုတ်တရက်ဒေါသထွက်သွားသောကြောင့်ရင်နှီးနေသောအခေါ်အဝေါ်များထွက်လာသည်။
"ဟားဟား…ဟုတ်ပါပြီ…မင်းလေးတောင်းပန်တာကိုကိုယ်လက်ခံတယ်…တကယ်တော့ကိုယ်ကမင်းလေးကိုအရင်တောင်းပန်မလို့လုပ်ထားတာ…အခုတော့မင်းလေးကပြောလိုက်ပြီဆိုတော့…ကိုယ်လဲတောင်းပန်ပါတယ်…မင်းလေးကိုစချင်စိတ်များသွားလို့"
"စချင်ရအောင်ကျွန်တော်က ကလေးမိုလို့လား"
"ဟုတ်ပါပြီ…နောက်ကိုမစတော့ဘူးဟုတ်ပြီလား"
'အရှေ့၌ရှိသောအကောင်ပေါက်ကသူ့ကိုသူကလေးမဟုတ်ဘူးဆိုတော့…ဟားဟား…ကလေးက ကလေးပါပဲချာတိတ်လေးရယ်'ဆိုသောအတွေးကြောင့်စကားပြောရာတွင်ရီသံကြီးပါနေသည်။"ကိုယ်ကမှားတာဆိုတော့မင်းလိုချင်တာတစ်ခုပြော…ငါလုပ်ပေးမယ်"
ထိုစကားသံကြားသောအခါလရောင်မျက်နှာမှာအရင်ကထက်ပိုဝင်းလာပြီး
"တယ်ကယ်လား…နောက်မှစကားမပြောင်းနဲ့"
"ငါ့ပုံစံကစနေတဲ့ပုံပေါက်နေလို့လား"
"ပြောမရဘူးလေ…ကိုကိုကမယုံရဘူး"ဒီကလေး သူလိုချင်တာရတော့ကိုကိုတဲ့လား'
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...