လွန်းနိုင် ကောင်းလေးပါးလေးထဲကိုနစ်ဝင်အောင်နမ်းရှိုက်လိုက်သောကြောင့်ကောင်းလေးထံမှမျက်စောင်းလှလှလေးလက်ဆောင်ရခဲ့လေသည်။
"ဒါကတိမ်လွှာလေးရဲ့ ပထမဆုံးအနမ်းလား"
"မဟုတ်ဘူး"
"ဟင်…ဒါဆိုပထမဦးဆုံးအနမ်းကဘယ်သူနဲ့လဲ…
ကောင်လေးလား""အင်းးး…ကောင်လေး"
"ဘယ်သူလဲ"
"သိချင်လား?"ထိုအခါကောင်းလေးကခြေဖျားလေးထောက်ကာမမှီ့တမီအရပ်လေးဖြင့်လွန်းနိုင်နားနားကိုကပ်ပြီးလက်ကလေးကွယ်ကာ
"မပြောပါဘူး…သိချင်ရင်ကိုယ့်ဘာသာကိုယ်စုံစမ်း"
"ဟာ…ကိုယ်ကိုဒီလိုတို့လို့တန်းလန်းကြီးထားမခဲ့နဲ့လေ…ကိုယ့်မှာသိချင်လွန်းကို့ရူးတော့မယ်…ပြောပြပါနော်…နော်"
ကောင်းလေးတစ်ယောက်ခါးကြီးကုန်းကာသူပုခုံးပေါ်ခေါင်းတင်ပြီကလေးကြီးလိုချွဲနေသော
လွန်းနိုင်ကြောင်ရီချင်မိသည်။"ဟင့်အင်း…မပြောဘူး"
လွန်းနိုင်မေးမရမှန်းသိသောကြောင့်
"ရပါတယ်…တိမ်လွှာလေးပြောမပြလဲအစ်ကိုဘာသာအစ်ကိုရအောင်စုံစမ်းမယ်…အခုတော့
အစ်ကိုတို့ချစ်သူဖြစ်တဲ့အထိန်းအမှတ်အနေနဲ့
အစ်ကိုတို့ဓာတ်ပုံရိုက်ကြရအောင်"
'မနက်ကျမှ ကျောင်းရောက်ရင်ယွန်းကိုမေးရမယ်'ဟုလွန်းနိုင်စိတ်ထဲတွင်သက်ပြင်းမောချနေမိသည်။"ဟုတ်ကဲ့"ဟုကောင်းလေးအဖြေပြန်ပေးပြီးနောက်လွန်းနိုင်ကကောင်းလေးကိုအနောက်ကနေပြီးခါးလေးကိုဖက်ထားတဲ့ပုံနှင့်…ပုခုံးလေးကိုဖက်ထားတဲ့ပုံကိုရိုက်လိုက်သည်။ပြီးနောက်
လွန်းနိုင်လက်ကိုအရှေ့သို့ဆန့်တန်းပြီးဖုန်းကင်မရာချိန်ကာ
"ရိုက်တော့မယ်နော်တိမ်လွှာလေး"
နှစ်ယောက်စလုံးလှပစွာပြုံးထားပြီးကင်မရာကို
ကြည့်နေချိန်"တစ်...နှစ်...သုံး... ရွှတ်" ဓာတ်ပုံထဲတွင်တော့လွန်းနိုင်တစ်ယောက်ကောင်းလေးပါးမို့မို့ကိုနမ်းလျက်ကောင်းလေးကတော့မျက်လုံးလေးများပြူးနေကာတအံတသြဖြစ်နေလေသည်။
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...