Part 32

11 2 0
                                    

ညိုမှိုင်းနေတဲ့ကောင်းကင်ကြီးကမနက်ခင်းကတဲကနေရာယူထားပြီးလေပြင်းများကတစ်ချက်တိုက်ခိုက်လိုက်လျှင်အရိုးထဲအထိတောင်စိမ့်အေးသွားသလိုခံစားရသဖြင့်အိပ်ယာပေါ်ရှိသူနှစ်ဦးကိုပိုပြီးနီးစပ်စေသည်။အပြင်ဘက်ကသစ်ရွက်လေးတွေကလဲမိုးရွာထားတာမကြာသေးလို့လန်းဆန်းစိမ်းစိုနေကာလေတိုက်လိုက်ရင်လှုပ်ရမ်းနေ၍ပြတင်းပေါက်ကနေမြင်နေရတဲ့
ကောင်လေးနှစ်ယောက်အေးချမ်းပြီးနီးကပ်စွာအိပ်နေတာကိုကြည့်ပြီးပျော်မြူးနေသလားတောင်ထင်ရသည်။လေပြင်းများတိုက်လိုက်ရင်အေးသောကြောင့်ဘုန်းခန္ဓာကိုယ်ကတစ်ဖြည်းဖြည်းဇိုင်းဘက်ကိုတိုးလာပြီးဇိုင်းလဲအေးနေတာကြောင့်လားမသိဘုန်းခန္ဓာကိုယ်ကိုပြန်၍
တင်းကျပ်စွာဖက်ထားကာဘုန်းရင်ခွင်ထဲမှာအေးချမ်းစွာအိပ်နေသည်။ဘုန်းရဲ့မသိစိတ်ကလဲ
ဇိုင်းရဲ့ခေါင်းလေးကိုလက်နဲ့ပွတ်ပေးပြီးနွေးနွေးထွေးထွေးအိပ်နေသည်။အခုတော့လေပြင်းတွေဘယ်လောက်တိုက်တိုက်အိပ်ယာပေါ်မှာ​တင်းကျပ်စွာဖက်ပြီးအိပ်နေတဲ့ကောင်လေးနှစ်ယောက်ကြားကိုတော့မဝင်နိုင်တော့ချေ။

"ဒူ...ဒူ...ဒူ"

ဘုန်းဘေးနားမှဖုန်းမည်သံကြောင့်အိပ်ချင်မူးတူးနဲ့ထမယ်လုပ်လိုက်တော့တစ်စုံတစ်ခုကတင်းကျပ်စွာဖက်ထားသလိုခံစားရသဖြင့်မျက်လုံးဖွင့်ကြည့်တော့ဘုန်း သူ့ရဲ့ခါးကိုဖက်ထားတဲ့လက်ဖြူဖြူကြီးကိုတွေ့ရဖြင့်ရင်ခွင်ထဲကိုငုံ့ကြည့်လိုက်သည်။

"အမလေး...ဘုရား...ဇိုင်းကဘယ်လိုလုပ်ငါ့ရင်ခွင်ထဲကိုရောက်နေရတာလဲ"

"ဒူ...ဒူ...ဒူ"

"အရေးထဲဖုန်းကလာနေတယ်...သူကလဲလွှတ်ကိုမပေးဘူး"ဘုန်း ဇိုင်းရဲ့လက်တွေကိုအတင်းဖြည်နေသော်လဲဖြည်မရသဖြင့်ထိုဖက်ပြီးအိပ်နေတဲ့ပုံစံအနေအထားနဲ့ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လိုကိုကြီးဘုန်း"

"​ကိုကြီးရဲ့ရောင်ရောင်လေး...နေကောင်းလား"

"ဟုတ်...ကိုကြီးဘုန်းရော"

"ကိုကြီးလဲကောင်းပါတယ်...ဒီနေ့တော့ထူးထူးဆန်းဆန်းရောင်ရောင်လေးကအစောကြီးနိုးနေပါလား...ကိုကြီးတော့ထီထိုးရတော့မယ်ထင်တယ်"

Wish or Fate Where stories live. Discover now