Part 28

16 3 10
                                    

ယနေ့၌အလယ်တန်းတွေရောအထက်တန်းတွေပါစာမေးပွဲနောက်ဆုံးရက်ဖြစ်
ပြီးကျောင်းအုပ်ဆရာကြီးကစာမေးပွဲပြီးရင်
ကျောင်တစ်ပါတ်ပိတ်ပေးမည်ဆိုသောကြောင့်
ကျောင်းသားကျောင်းသူတွေအားလုံးတက်ကြွနေကြသည်။စာမေးပွဲမဖြေခင်မုန့်စျေးတန်း၌
လရောင်တို့အဖွဲ့နဲ့လွှမ်းထက်တို့အုပ်စုတို့အတူမုန့်စားနေကြသည်။

"ချာတိတ်လေး…ဒီနေ့ကိုလည်းခါတိုင်းနေ့တုန်းကလိုအကောင်းဆုံးဖြေ…စိတ်သိပ်မလှုပ်ရှားနဲ့…ဟုတ်ပြီလား"

"အွန်းးး"

"ချစ်ဖို့ကောင်းလိုက်တာ"ပလုတ်ပလောင်းနဲ့မုန့်စားနေတဲ့လရောင်ကိုလွှမ်းထက်အသဲယားပြီးလရောင်ဆံနွယ်လေးတွေကြားလက်ထိုး၍ဖွလိုက်သည်။ထိုမြင်ကွင်းကိုကြည့်ပြီးလွန်းနိုင်ကတော့မျက်စောင်း
ထိုးနေ၍ယွန်းကတော့ပီတိပြုံးကြီးကိုချိတ်ဆွဲထားသည်။

"အဟမ်း…ယွန်း ငါအခုညနေကျရင် အန်တီတို့ဆီလာပြီးတိမ်လွှာလေးနဲ့တွဲခွင့်လာတောင်းမလို့"

"အဟွတ်…အဟွတ်…တကယ်ကြီးလား"

"အင်းးးတကယ်…တိမ်လွှာလေးကဘာပဲပြောပြောအန်တီတို့ဦးလေးတို့အတွက်တော့အဖိုးတန်သားလေးလေ…ဒါကြောင့်ငါ တိမ်လွှာလေးနဲ့တရားဝင်တွဲဖို့အတွက်လာခွင့်တောင်းရမှာပေါ့"

ယွန်းအံ့သြသွားမိသည်။သူသိခဲ့တဲ့အမြဲတမ်းစစနောက်နောက်နေခဲ့တဲ့မာန်လွန်းနိုင်ကအခုလိုသူမမောင်ကိုတရားဝင်တွဲဖို့အတွက်ခွင့်ပြုချက်လာတောင်းမယ်ဆိုတာကြောင့်ဖြစ်သည်။ယွန်းစိတ်ထဲတွင်တော့'ငါ့မောင်လေးအတွက်စိတ်ချသွားပြီ'ဟုတွေးနေမိသည်။

"​မေမေတို့ကနင့်ကိုကောင်းလေးနဲ့သဘောမတူရင်ရော"

"ငါတို့ကိုတရားဝင်တွဲတဲ့အထိခွင့်ပြုအောင်ကြိုးစားမှာပေါ့ …ငါကကိစ္စတစ်ခုကိုစပြီးရင်အဆုံးထိပြီးဆုံးအောင်လုပ်မှာပါ"

"အေး…ဒီလိုဆိုရင်တော့ငါစိတ်ချပါပြီ…မေမေတို့ကိုလဲငါကူပြောပေးပါ့မယ်"

"ကျေးဇူးပဲ"

"ရပါတယ်…ဒါကမားတို့ရဲ့တာဝန်ပါ"ယွန်း လွန်းနိုင်တို့ကိုကြည့်ပြီးပျော်နေချိန်စိတ်ထဲ၌ရုတ်တရက်လရောင်နဲ့ဇိုင်းကဝင်လာပြီး

Wish or Fate Where stories live. Discover now