Part 35

9 2 0
                                    

ဇိုင်းရေချိုးခန်းကထွက်ထွက်ချင်းအိပ်ယာပေါ်၌စူစူပုတ်ပုတ်နှင့်ထိုင်ကာသူ့ကိုစိုက်ကြည့်နေသောဘုန်းကြောင့်ဇိုင်း ဘုန်းရဲ့အရိပ်အခြည်ကိုကြည့်နေရသည်။

'ဆိုင်ကပြန်လာတုန်းကအထိပြုံးရွှင်နေတာပါ…အခုကျမှဘာကိုစိတ်ကောက်ပြီးစူပုတ်နေတာလဲမသိဘူး'ဇိုင်းအင်္ကျီကောက်ဝတ်ပြီးဘုန်းအနားကိုသွားထိုင်ကာတိတ်ဆိတ်မှုကိုဖြိုခွင်း၍

"အဟမ်း…ညီနဲ့ညနေတုန်းကအင်္ကျီကတော်တော်လိုက်တယ်"

"တကယ်လား😃😃…"ဘုန်း ဇိုင်းပြောတဲ့စကားကြောင့်ပျော်သွားသော်လဲမျက်နှာကိုပြန်ထိန်းကာ

"အင်း"😒😒

ဇိုင်း ဘုန်းရဲ့အပြုအမူတွေကိုကြည့်ရင်းဖြင့်ဘုန်း သူ့ကိုသေချာပေါက်စိတ်ကောက်နေတာကိုသိလိုက်သည်။

"ညီ့ကိုမာမီကတော်တော်ချစ်နေတာ…ညီအဝတ်စားလဲနေတုန်းကဆိုညီ့အကြောင်းတွေကိုပဲဆက်တိုက်မေးနေတာ"

"အင်း"

"တအင်းထဲအင်းနေတာ ညီ ကျွန်တော်ကိုဘာတွေစိတ်ကောက်နေတာလဲ…ကျွန်တော်ဘာအမှားများလုပ်ထားလို့လဲ"

"ဘာမှမရှိပါဘူး"

"ဒါဆိုဘာလို့ကျွန်တော့်ကိုစိတ်ကောက်နေတာလဲ"

"ဟားးးငါကဘာကိုစိတ်ကောက်ရမှာလဲ…ကလေးမဟုတ်သူငယ်မဟုတ်"

"ဒါဆိုဘာလို့စူပုတ်နေတာလဲ"

"ဘယ်သူကစူပုတ်နေလို့လဲ"

"ညီလေ…ခုနတုန်းကအထိပျော်နေပြီးတော့အခုကျတော့စူပုတ်နေတာ…ဘာလဲ…မာမီကတစ်ခုခုစိတ်ညစ်စရာများပြောလိုက်လို့လား"

"မပြောလိုက်ဘူး"

"ဒါဆိုဘာလို့စူပုတ်နေတာလဲ…ကျွန်တော့် ကိုပြောလေ…မဟုတ်ရင်ကျွန်တော်တစ်ညလုံးလိုက်မေးနေမှာ"

"………"

"ညီ…ပြောလေ"

"မာမီ့ရှေ့မှာငါ့ကိုဘာလို့မင်းချစ်သူလို့ပြောလိုက်တာလဲ"

"အော်…အဲ့ကိစ္စကိုစိတ်ကောက်နေတာလား"

"မဟုတ်ဘူး…ငါစိတ်မကောက်ဘူး…မင်းဘာလို့
မာမီ့ကိုလိမ်ပြောလိုက်တာလဲ…အရင်ကတည်းကလိမ်တာမကောင်းဘူးလို့ငါ မင်းကိုပြောထားတယ်လေ…ဟင့်"
စကားပြောနေရင်းဘုန်းရဲ့အသံကတဖြည်းဖြည်းငိုသံဘက်ကိုပါလာလေသည်။

Wish or Fate Where stories live. Discover now