ယနေ့ကျောင်းမှာအပျော်ကြီးပျော်နေတာကတော့လရောင်တို့အတွဲနဲ့ဇိုင်းပင်ဖြစ်သည်။
"ဒီနေ့ငါဝယ်ကျွေးမယ်…မင်းတို့စားချင်တာစားလို့ရတယ်"
"ငါကတော့အားမနာတက်ဘူးဆိုတာကိုမင်းသိပါတယ်"
"မင်းအကြောင်းငါသိပါတယ်လွန်းနိုင်ရာ…မင်းကြိုက်သလောက်စားလို့ရတယ်"
"ဟီးးး"
"ဒါနဲ့နင့်အဖေကနင်တို့ကိုဘယ်လိုလုပ်သဘောတူသွားတာလဲဆိုတဲ့အကြောင်းလေးပြောပြစမ်းပါအုံး"
"တစ်ခြားဟာတော့မဟုတ်ဘူး…ငါ့အမေရဲ့skillတွေ့ကြောင့်ပေါ့"
"ဒါဆိုအန်တီကနင်တို့ရဲ့ကယ်တင်ရှင်ကြီးပေါ့"
"အေး"
"ဒါနဲ့ဇိုင်း…မင်းမိဘတွေကကိုကြီးကိုမတွေ့ဘူးပဲနဲ့ဘာလို့အေးအေးဆေးဆေးသဘောတူလိုက်တာလဲ"
"momကငါ့ကိုယုံကြည်တယ်လေ…dadကလဲ
momရဲ့စကားတစ်ခွန်းပဲ…အဲ့ဒါကြောင့်ညီနဲ့ငါ့ကိစ္စကိုmomကိုပြောပြလိုက်တာ…momကလဲငါပျော်နေရင်ရပြီဆိုပြီးလက်ခံလိုက်တာ…နောက်ပြီးငါ momကိုညီ့ဓာတ်ပုံပို့ပေးလိုက်တော့momကညီကိုချစ်နေလိုက်တာများ…ညီ့အကြောင်းတွေမပြတ်မေးလိုမနည်းတားထားရတယ်""ဟားဟား…ငါ့ကိုကြီးကတော့ယောက်က္ခမကြီးအချစ်တော်ဖြစ်ပြီပေါ့"
"အေးပေါ့…ဟားဟားဟား"ထိုမုန့်စားဝိုင်းမှာတော့ရီသံများနဲ့ပွဲကျနေလေသည်။ထိုပုံစံနဲကျောင်းခေါ်တော့ကျောင်းသားအားလုံးကိုဆရာကြီးကဟောခန်းကိုခေါ်သောကြောင့်အားလုံးသွားကြလေသည်။
"အဟမ်း…ဆရာကြီးမင်းတို့ကိုအခုလိုခေါ်လိုက်ရတဲ့အကြောင်းကတော့မနက်ဖြန်သီတင်းကျွတ်
ပြီမိုလို့ကျောင်းပိတ်ရက်အတွက်ပြောဖို့ခေါ်လိုက်တာဖြစ်တယ်""ဟုတ်ကဲ့ပါဆရာကြီး"
"အေး…အခုသီတင်းကျွတ်ကိုတော့ဆရာကြီးကမင်းတို့ကိုကျောင်းတစ်ပတ်ပိတ်ပေးမယ်…ကျေနပ်ကြလား"
"ကျေနပ်ပါတယ်ဆရာကြီး"ကျောင်းသား/သူအားလုံးပျော်ရွှင်ပြုံးပျော်ကာပြောကြလေသည်။
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...