Part 37

12 2 0
                                    

ယနေ့မနက်၌လရောင်တစ်ယောက်ကျောင်းသို့တစ်ယောက်ထဲလမ်းလျှောက်လာလိုက်သည်။

"ဟွန်း…ငါစိတ်ကောက်နေတာကိုလိုက်တောင်မချော့ဘူး…ကိုကို​မကောင်းဘူး…ကိုကိုရက်စက်တယ်…ရတယ်…သူကတောင်နေနိုင်သေးတာပဲငါကဘာလို့မနေနိုင်ရမှာလဲ…ဟင်းးးအနည်းဆုံးတော့ငါ့ကိုကျောင်းလိုက်ပို့ပေးသင့်တယ်…အခုတော့ငါ့မှာလမ်းလျှောက်လာရတယ်…စက်ဘီးပဲစီးလာလို့လားမသိအခုလမ်းပြန်လျှောက်တော့ညောင်းလိုက်တာ…အခုချိန်လောက်ဆိုရင်ကောင်းလေးက
တော့သူ့အကိုလွန်းနိုင်နဲ့အတူကျောင်းလာနေလောက်မှာ"

လရောင်မကျေနပ်ချက်တွေကိုပြောရင်းနဲ့ကျောင်းအပေါက်ဝရောက်တော့မှန်းထားတဲ့အတိုင်းကောင်းလေးကလွန်းနိုင်နဲ့အတူကျောင်းလာတာဖြစ်သည်။

"ဟူးးးကောင်းလေးတို့ကျတော့အဆင်ကိုပြေနေတာပဲ…မိဘတွေကလဲခွင့်ပြုလိုက်ပြီဆိုတော့တရားဝင်တွဲလို့ရပြီ…ကောင်းလိုက်ကြတာ"

"ဟေး…လရောင် မြန်မြန်လာ…မင်းကိုငါစောင့်နေတာ"

"အေး…လာပြီ"လရောင် ကောင်းလေးခေါ်တာကြောင့်အနားကိုသွားလိုက်သည်။လရောင်အနားရောက်သွားတော့

"ဒါဆိုအစ်ကိုသွားတော့နော်"

"အင်း…အစ်ကို့ကိုအားဆေးလေးပေးပါအုံး"

"အာ…အစ်ကိုကလဲ…ကျောင်းမှာကို"

"အစ်ကိုကကလေးနဲ့အကြာကြီးခွဲနေရမှာ…ကလေးသာအစ်ကို့ကိုအားဆေးမပေးရင်အဲ့အချိန်တွေကိုအစ်ကိုဘယ်လိုဖြတ်သန်းရမှာလဲ"

"အင်းပါ…မပြောနဲ့တော့…လရောင်လဲရှိနေတာကို"

"အင်း"ဟုပြောပြီလွန်းနိုင် ကောင်းလေးနားကိုမျက်နှာတိုးပေးလိုက်သည်။

"ပြွတ်စ်"

"ရပြီမလား"

"အင်း…ဒါဆိုအစ်ကိုသွားတော့မယ်နော်"ဟုပြောပြီးလွန်းနိုင်ထွက်သွားလေသည်။လွန်းနိုင်ထွက်သွားတော့မှကောင်းလေးနဲ့လရောင်နှစ်ယောက်စာသင်ခန်းဆီသို့သွားလိုက်တော့သည်။

"အဟမ်း ငါ့သူငယ်ချင်းကြီးကတော့ရည်းစားရမှroတက်လိုက်တာ"
(roနိုင်တဲ့သူတွေကတော့roကြပါ🙃🙃🙃)

Wish or Fate Where stories live. Discover now