"တီ…တီ…တီ"
"အင်းးး"
လရောင်တစ်ယောက်နှိုးစက်သံကြောင့်နိုးလာခဲ့သည်။"ဟာ…ငါမနေ့ကနှိုးစက်ပေးထားတာကိုမပိတ်လိုက်ရဘူး"နာရီကြည့်လိုက်တော့
"ဟွန်း…၉နာရီပဲထိုးသေးတာကို…စနေနေ့လေးကိုကောင်းကောင်းမအိပ်ရဘူး"ဆိုပြီးပြန်အိပ်ရန်လုပ်နေချိန်
"ဒေါက်…ဒေါက်…ဒေါက်"တံခါးခေါက်သံကြောင့်လရောင်ပြန်ထထိုင်လိုက်သည်။
"ချာတိတ်…မင်းနိုးပြီလား"
"အွန်း…နိုးပြီကိုကို"
"ဒါဆိုကိုယ်ဝင်လာခဲ့မယ်"
"ဟုတ်"
လွှမ်းထက် လရောင်အခန်းထဲဝင်လာလိုက်သောအခါအိပ်ယာပေါ်ကစောင်ပုံထဲမှာထိုင်နေတဲ့အကောင်ပေါက်…အခုမှအိပ်ယာထတာကြောင့်ဆံပင်များပါပွယောင်းပြီးမိုးပေါ်ထောင်နေကာမျက်လုံးလေးတွေကိုလက်ဖောင်းဖောင်းလေးတွေနဲ့ပွတ်နေသည်။ပြီးနောက်နှုတ်ခမ်းလေးမှာလဲစူနေပြီးဘဲနှုတ်ခမ်းလေးနဲ့တူနေသည်။လွှမ်းထက်သေချာစိုက်ကြည့်လိုက်တော့ဘာကိုများမကျေမနပ်ဖြစ်နေလဲမသိမျက်ခုံးနှစ်ဖက်ကိုလဲတွန့်ချိုးထားသည်။လွှမ်းထက်အိပ်ယာနားကိုသွားလိုက်ပြီးလရောင်ဘေးနားမှာဝင်ထိုင်လိုက်ကာ
"ဘာတွေဖြစ်လို့စူပုတ်နေတာလဲ…ကိုယ့်ကိုပြောပြပါအုံးချာတိတ်လေး"လွှမ်းထက် လရောင်ပါးလေးကိုဖြစ်ပြောလိုက်သည်။
"ဒီနေ့ကကျောင်းပိတ်ရက်ကိုဘာလို့ကျူရှင်ပိတ်မပေးတာလဲ…စာလုပ်ရမှာမို့ကျွန်တော့်မှာအစောကြီးထရတယ်…ဟွန့်"
'အော်…ချာတိတ်စူပုတ်နေတဲ့အကြောင်းအရင်းက
မနေ့ကကျူရှင်ပိတ်ပေးဖို့ပြောတာကိုကျူရှင်ပိတ်မပေးလို့ဒီလိုဖြစ်နေတာကို…နောက်ပြီး၉နာရီတောင်ထိုးနေပြီကိုအစောကြီးရှိသေးတယ်တဲ့လား…ဟားဟား…ချာတိတ်တို့ကတော့'"စူပုတ်မနေနဲ့တော့…စာမေးပွဲနားနီးနေပြီမိုလို့ကိုယ်ကကျူရှင်ပိတ်မပေးတာ…မင်းလေးအဆင့်ကောင်းကောင်းရရင်လိုချင်တာတစ်ခုပြော…ကိုယ်လုပ်ပေးမယ်"
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...