Part 26

17 3 4
                                    

လေပြေလေညှင်းလေးများတိုက်ခိုက်လိုက်ရင်ပြတင်းပေါက်မှလိုက်ကာများကလေနှင်ရာအတိုင်းလွင့်မြောသွားခိုက်နေရောင်ခြည်ဖြိုးတိုးဖျောက်တောက်လေးများဘုန်းရဲ့မျက်နှာပြင်
နုနုအပေါ်ကျရောက်သောကြောင့်ဘုန်းအိမ်မက်ကမ္ဘာထဲမှနိုးထလာသည်။ဘုန်းနိုးလာတော့သူ့ရဲ့ခန္ဓာကိုယ်ကိုတစ်စုံတစ်ခုကတင်းတင်းကျပ်ကျပ်ဖက်တွယ်ထားသလိုခံစားရသည်။ဘုန်းသေချာမျက်လုံးဖွင့်ကြည့်တော့သူ့ရဲ့ခန္ဓာကိုယ်ပေါ်၌ဖြူစွတ်နေပြီးသူ့ကိုတင်းကျပ်စွာဖက်တွယ်ထားသော
လက်တစ်စုံကြောင့်လန့်သွားမိသည်။ထို့နောက်ဖြေးဖြေးချင်းဘုန်း ခန္ဓာကိုယ်ကိုအနောက်လှည့်
ကြည့်လိုက်သောအခါနှဖူးပြင်ကျယ်ကျယ် မျက်ခုံးတန်းတန်း ဖြောင်းဆင်းသောနှာခေါင်း စွဲမက်ဖွယ်ကောင်တဲ့နှုတ်ခမ်း မေးရိုးထင်းထင်းနဲ့ယောက်ကျားဆန်သောမျက်နှာပိုင်ရှင်ကြောင့်ခေတ်တမျှထိုသူကိုငေးနေမိသည်။'သူ့ရဲ့မျက်နှာအစိတ်အပိုင်းတွေကတော်တော်လေးကိုကြည့်ကောင်းတာပဲ…တော်တော်ချောတာပဲ'ထိုသို့ဘုန်းတစ်ခဏငေးနေချိန်

"ကျုပ်ချောတာကျုပ်သိတယ်…ခင်ဗျားပြောစရာမလိုဘူး"

"မင်း……"ဘုန်းငေးနေတုန်းကြားလိုက်ရတဲ့ဇိုင်းရဲ့အသံကြီးကြောင့်လန့်လန့်နဲ့ကန်လိုက်တော့

"ဘုတ်…အ့…ခင်ဗျားးး"ဇိုင်းခန္ဓာကိုယ်ကခုတင်အောက်သို့ရောက်သွားသည်။

"​ငါ…ငါတောင်းပန်ပါတယ်…မင်းဘာဖြစ်သွားသေးလဲ"

"ခင်ဗျားပဲအရင်ကျုပ်ကိုလာငေးပြီးတော့…လူသိသွားမှအိပ်ရာပေါ်ကကန်ချရလား"

"တောင်းပန်ပါတယ်…ရုတ်တရက်ဆိုတော့ငါလန့်သွားလို့ကန်လိုက်မိတာ…နောက်ပြီးမင်း…မင်းကရောဘာလို့ငါကိုဖက်ထားတာလဲ"

"အော်…အခုတော့ဒီစကားပြောပြီပေါ့…ခင်ဗျားညတုန်းကကိစ္စတွေကိုမမှတ်မိဘူးလား"

"ဘာ…ဘာကိစ္စလဲ…ငါ မင်းကိုညကဘာမှမလုပ်ဖူးနော်…ခုနကမှခဏလောက်ငေးလိုက်မိတာ"

"ခင်​ဗျားအခုမှမသိချင်ယောင်ဆောင်မနေနဲ့…ခင်​ဗျားညတုန်းကကျုပ်ကိုတော်တော်ဒုက္ခပေးထားတာ…ခင်​ဗျားကြောင့်တစ်ညလုံးကျုပ်မှာကောင်းကောင်းမအိပ်ရဘူး"

Wish or Fate Where stories live. Discover now