လွှမ်းထက်မေ့ဆေးအရှိန်ပြယ်သောကြောင့်နိုးလာသောအခါ"ချာတိတ်…ချာတိတ်လေးရေ"
"သား…သားလေးနိုးလာပြီလား"ဘေးနားမှာဒေါ်ဟန်နီချိုကလွှမ်းထက်လက်ကိုဆုပ်ကိုင်ပြီးမေးလိုက်ခြင်းဖြစ်သည်။
"မေမေ…ချာတိတ်ရောဟင်…ချာတိတ်ဘာဖြစ်သွားသေးလဲ"
"လရောင်လေးဘာမှမဖြစ်ပါဘူး…သားခွဲစိတ်ခန်းထဲကထွက်လာတဲ့အထိစောင့်နေတာ…ခုနကမှမေမေအိမ်ပြန်ပြီးရေချိုးခိုင်းလိုက်လို့ပြန်သွားတာ…ဒါတောင်မပြန်ဘူးလုပ်နေသေးတယ်…မနည်းပြန်ခိုင်းလိုက်ရတာ"
"ဟူး…တော်ပါသေးရဲ့"ထိုအချိန်ဦးနေသူရိန်နဲ့
မုန်းမဒီရောက်လာပြီး"လွှမ်း…အဆင်ပြေရဲ့လား…ဘယ်နားနာနေသေးလဲ"
"ရတယ်…ကိုယ်ဘာမှမဖြစ်ဘူး"
"သမီးမုန်းဒီမှာသားကိုခဏစောင့်နေလိုက်အုံးနော်…ဦးလေးတို့သားအတွက်ဆေးရုံခန်းကိစ္စတွေသွားပြင်ဆင်လိုက်အုံးမယ်"
"ဟုတ်ကဲ့…ဦးလေးတို့စိတ်ချလက်ချသာသွားကြပါ…သမီးလွှမ်းကိုစောင့်ကြည့်ပေးထားပါ့မယ်"
"အေး…ကျေးဇူးပါပဲသမီးရယ်"
"ရပါတယ်"
"ဒါဆိုဦးလေးတို့သွားပြီ"ဟုပြောပြီးဒေါ်ဟန်နီချိုနဲ့ဦးနေသူရိန်တို့ထွက်သွားလေသည်။
လရောင်တစ်ယောက်အိမ်ပြန်ရေမိုးချိုးပြီးဆေးရုံသို့ပြန်လာလိုက်သည်။လက်ထဲတွင်လဲလွှမ်းထက်စားဖို့အတွက်ဆန်ပြုတ်ချိုင့်လေးယူလာလေသည်။
ဆေးရုံးရောက်တော့လွှမ်းထက်ရှိရာဆေးရုံခန်းထဲဝင်လိုက်တော့လွှမ်းထက်ကိုမုန်းမဒီကရေစိုဝတ်နဲ့ရေပတ်တိုက်ပေးနေတာကိုတွေ့ရသည်။လွှမ်းထက် လရောင်ကိုမြင်တော့ပြုံးလိုက်ပြီး"ချာတိတ်…ရောက်လာပြီလား"
"ဟုတ်…ဒီမှာကိုကိုစားဖို့အတွက်ဆန်ပြုတ်လုပ်လာတယ်"လရောင်လွှမ်းထက်အနားကိုသွားလိုက်တော့မုန်းမဒီကလရောင်အားစိုက်ကြည့်နေသည်။ထို့သို့ကြည့်နေတာကိုလရောင်ကသိပေမယ့်လွှမ်းထက်ကမသိဘဲလရောက်လက်ကိုကိုင်လိုက်ပြီး
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...