ဘုန်းကားပေါ်ရောက်ရောက်ချင်းမျက်နှာကိုလက်ကိုင်ပဝါနဲ့အအုပ်ခံလိုက်ရသောကြောင့်ဘုန်းအမှောင်ထုထဲကိုခဏရောက်ရှိသွားရသည်။
"စိတ်မပူပါနဲ့…ဒီကောင်လေးကအခုမှငယ်ငယ်လေးရှိသေးလို့မာမီဆီမှာဆို စျေးကောင်းရလောက်တယ် "
"ဟုတ်ပါပြီ…ရှင်တို့ဘယ်လောက်လိုချင်လဲ"
"မများပါဘူး…သိန်း၅၀လောက်ပါဘဲ"
"သိန်း၅၀…မများဘူးလားရှင့်…ဒီစျေးကကျွန်မတစ်ခြားကောင်လေးနှစ်ယောက်လောက်ဝယ်လို့ရတယ်"
"ဒီကောင်လေးကအလှလေးလေ…စျေးကအဲ့လောက်တော့ရှိမှာပေါ့…ဒါတောင်ကျွန်တော်တို့လျော့ပေးထားတာ…မာမီနဲ့သိတဲ့သူဌေးတွေဆီမှာဆိုရင် ဒီထက်တောင်အများကြီးပိုရအုံးမှာ"
"အေးပါ…ရော့…ဒီမှာသုံးဆယ်အရင်ယူသွား…ဒီအချောလေးစျေးဦးပေါက်ရင်ကျန်တာထပ်ပေးမယ်"
"အိုခေ...ကျေးဇူးဘဲမာမီ"
"နောက်တခါလဲဒီလိုအချောလေးတွေရရင် ချန်ထားဦးမာမီကအဲ့လိုစကီးလေးတွေကိုလိုချင်တာပစ်မျိုးမှဲ့မထင်လေးတွေ"
"စိတ်ချပါဗျာ…မာမီအကြိုက်ကို ဒီလိုအလှလေးတွေရရင်မာမီ့ဆီကိုအရင်ဦးဆုံးလာခဲ့မယ်"
"အေးအေး…ရှင်တို့လဲပြန်ကြတော့…ကျွန်မဧည့်သည်တွေအနှောက်အယှက်ဖြစ်မှာဆိုးလို့"
"အင်း…ဒါဆိုကျုပ်တို့ပြန်တော့မယ်"
ဘုန်းနိုးလာချင်းခေါင်းများမူးနောက်နေပြီးနားထဲမှာစကားသံတွေကြားနေရတော့အားတင်းပြီးမျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ဟိုဦးလေးကြီးနှစ်ယောက်သူကိုကြည့်ပြီးပြုံးပြသွားသည်။ပြီးနောက်ဘုန်းအနားကို ခုနကစကားပြောနေသောမာမီဆိုသူအမျိုးသမီးရောက်လာသည်။ ဘုန်းအားရှိသမျှတင်းထားကာထိုအမျိုးသမီးကိုကြည့်လိုက်လေသည်။ သူမမှာသက်လတ်ပိုင်းလောက်ရှိပုံပေါ်ပြီးသာမာန်ယောက်ျားလေးထက်ပင်အရပ်ပိုရှည်နေသေးသည်။ ဆံပင်တစ်ခေါင်းလုံးအကောက်ဖြင့် မိတ်ကပ်ထူထူလိမ်းချယ်ထားသည်။ အင်္ကျီအနီရောင်ကိုယ်ကြပ်ကိုပေါင်လည်လောက်ဝတ်ဆင်ထားသည်။ ဒေါင်ကောင်းကောင်းနှင့်အကုန်ခြုံပြောရရင်အတော်ကြည့်လို့ကောင်းလှသည်။
YOU ARE READING
Wish or Fate
Teen Fictionနေ့တစ်နေ့ရဲ့အစဟာ လမင်းကြီးနဲ့စပြီး... အဆုံးမှာလဲ လမင်းကြီးနဲ့ကုန်ဆုံးစေသလို... အချစ်ရဲ့နိဒါန်းမှာ သူ့နဲ့သာကိုယ့်အချစ်တို့နိုးထစေပြီး နိဂုံး မှာလဲ သူ့ကိုသာကိုယ့်အချစ်တို့နဲ့လှပသောနိဂုံးဖြစ်စေချင်တယ်...