အခန်း - ၀၅

2.6K 355 8
                                    

စာကြည့်ခန်းထဲတွင် လူသုံးယောက်ထိုင်နေပြီး စကားတစ်ခွန်းမှမပြောကြချေ။ အဲ့ဒီ့အခန်းကြီးထဲမှာ အသံအနည်းငယ်သာကြားနိုင်သည်။ လက်ဖက်ရည်လောင်းချတဲ့အသံရယ်၊ ဘုတ်ပြားပေါ်ကတစ်ကွက်ချင်းရွေ့သွားတဲ့ချက်စ်အပြားလေးတွေရဲ့အသံရယ်သာ ကြားရ၏။

အနည်းငယ်ကြာပြီးနောက် လောင်ယဲဇီမှရုတ်တရက်ခေါ်လာသည်။ "ကလေး ဒီနားလာပြီး ဒီလောင်တဇီနဲ့အတူနောက်တစ်ပွဲ အတူတူဆော့ပေးပါဦး"

(T/N : လောင်တဇီ (Lao Tauzi) ပြောချင်တာက ဒီနေရာမှာ ဒီအဖိုးကြီးနဲ့အတူလာဆော့ပေးပါဦး ဆိုတဲ့သဘောပါပဲ

Wazi : ဆိုတာ 'ကလေး' လို့ပြောတာပါ)

သူ့ရဲ့တောင်းဆိုချက်ကိုကြားလိုက်ရတဲ့အချိန်မှာ ကြောင်အမ်းအမ်းနဲ့ထရပ်လိုက်ပြီး ထိုနားကိုတော့မသွားရသေးပေ။

"ဘာလို့အဲ့မှာရပ်နေတာလဲ" ဟန်းယန်ကြောင်အမ်းအမ်းနဲ့ရပ်နေတာကို မြင်လိုက်ရတော့ ဟဲ့လျန်ချင်းမေးလိုက်၏။

"ဟမ်" ဟန်းယန်ညင်သာစွာတုံ့ပြန်လိုက်၏။ သူ့ရဲ့ခေါင်းကိုမော့ပြီး ဘေးနားမှာသူနဲ့အတူရပ်နေသေးတဲ့ ဟဲ့လျန်ချင်းကိုကြည့်လိုက်သည်။ ထို့နောက် ထိုင်မြဲတိုင်းထိုင်နေသည့် လောင်ယဲဇီဆီသွားလိုက်သည်။
'ကလေး' လို့ခေါ်လိုက်တာ တကယ်တမ်းဟဲ့လျန်ချင်းကိုပြောတာရော ဟုတ်ပါ့မလား ...?

ဟဲ့လျန်ချင်းကသူ့ရဲ့တုံ့ပြန်မှုကိုသဘောကျသွားသည်။ "ကလေး လို့ခေါ်လိုက်တာက ငါ့ကိုခေါ်လိုက်တာလို့ထင်နေတာတော့ မဟုတ်ပါဘူးနော်"

သူ့ရဲ့မျက်နှာပေါ်က 'မင်းရူးနေတာလား' ဆိုတဲ့မျက်နှာဘေးကြောင့် ဟန်းယန်ငိုမဲ့မဲ့ဖြစ်သွားပြီး တီးတိုးပြောတာတော့သည်။ "သူက ခင်ဗျားအဖိုးပဲဟာ ဘာလို့ခေါ်လို့မရနိုင်မှာလဲ"

ဘယ်သူ့ကိုကိုယ်စားပြုပြီးခေါ်လိုက်တဲ့စကားလုံးဆိုတာမသိပေမဲ့ ချက်စ်ဘုတ်ကိုအောက်ကိုချပြီး လောင်ယဲဇီခေါင်းမော့ကြည့်လာခဲ့သည်။ "ဘယ်လိုပြောလိုက်တာလဲ။ ဟဲ့လျန်ချင်းနဲ့အတူတူနေနေပြီဆိုမှတော့ မင်းရဲ့အဖိုးလည်းဖြစ်ပြီပေါ့ မဟုတ်ဘူးလား"

လက်ထပ်စာချုပ် || ဘာသာပြန် ✅Where stories live. Discover now