အခန်း - ၀၉

2.1K 330 3
                                    


ဟဲ့လျန်ချင်းမောင်းတဲ့ကားကို ပထမဆုံးစီးဖူးတာမဟုတ်ပေမယ့် ဟဲ့လျန်ချင်းပြိုင်ကားတွေကို စွဲစွဲလမ်းလမ်းရှိမှန်းအခုမှ ဟန်းယန်သတိထားမိ သည်။ ကားက မောင်းတဲ့အရှိန်မြန်လွန်းလို့ သူ ထိုင်ခုံတစ်ဝက်လောက်ကို လျှောပြီး ထိုင်နေရသည်။ မောင်းတဲ့အရှိန်က ပြင်းလွန်းလို့ သူခုံကနေ လွင့်ထွက်သွားမလားလို့တောင် တွေးမိသည်။

ဒါပေမယ့် ဒါက သူ မပူသင့်တာလျှောက်ပူနေမိတာဖြစ်သည်။ မောင်းတဲ့အရှိန်က နည်းနည်းမြန်တယ်ဆိုပေမယ့် ကားက အကောင်းစားကြီးဆိုတော့ သူလှဲနေတာတောင်အဆင်မပြေဖြစ်နေတာမျိုး မရှိပေ။ စီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် အဆင်ပြေလှသည်။

ဟန်းယန်က သူတို့တိုက်ခန်းနားတင် ဆေးရုံရှိမှန်း လုံးဝမသိပင်။ အတိအကျတော့ မဟုတ်ပေမယ့် သူအထင်တော့ တိုက်ခန်းကနေ ဆေးရုံကို ဆယ်မိနစ်တောင်မမောင်းလိုက်ရ။ သူ ဟဲ့လျန်ချင်းရင်ခွင်ထဲ တစ်ဖန်ပြန်ရောက်သွားရတော့သည်။ ဟဲ့လျန်ချင်းက သူ့ကိုပွေ့ချီကာဆေးရုံထဲဝင်သွားလိုက်သည်။

ဆရာဝန်က နည်းနည်းမေးမြန်းစစ်ဆေးကြည့်လိုက်တော့ သူအစာအိမ်ယောင်ချင်သလိုဖြစ်နေတာသာဖြစ်သည်။ အရမ်းကြီးစိုးရိမ်စရာရောဂါဆိုးဆိုးဝါးဝါးကြီး မဟုတ်ပေမယ့် အစာအိမ်က မခံနိုင်လောက်အောင်ကိုအောင့်နေသည်။ ဆရာဝန်က ဟန်းယန်အတွက်လိုအပ်တဲ့ ကုသမှုစာညွှန်ကြားစာကိုရေးပေးပြီး သူနာပြုဆရာမကို ဟန်းယန်အတွက် IV ချိတ်ပေးဖို့ ညွှန်ကြားလိုက်သည်။ ဟဲ့လျန်ချင်းကိုတော့ ဆရာဝန်က သူ့ရုံးခန်းထဲ လိုက်လာခိုင်းပြီး နေမကောင်းဖြစ်နေတဲ့ကောင်လေးရဲ့ ဆေးစာမှတ်တမ်းဖြည့်ဖို့ လိုက်လာခိုင်းသည်။ [ T/N: IV - intravenous therapy ]

"လူနာမှာ မတည့်တဲ့ ဆေးအမျိုးအစားတွေဘာတွေများရှိလားမသိဘူး?"
ဆရာဝန်ကမေးသည်။

"မရှိပါဘူး။" ဟဲ့လျန်ချင်း ဖြေသည်။

"ကျိန်းသေရဲ့လားဗျ။ ခင်ဗျား သူ့ကို သွားမေးစရာမလိုဘူးလား?" ဆရာဝန်က ရေးနေရင်းနှင့် ဟဲ့လျန်ချင်းကို မော့ကြည့်လာသည်။

"မလိုပါဘူး" ဟဲ့လျန်ချင်းမျက်နှာက တည်တည်ကြီးနှင့်အမူအရာ လုံးဝမပြောင်းပေ။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Where stories live. Discover now