အခန်း - ၂၃

1.2K 192 10
                                    

ဟန်းယန်မှာ စာမေးပွဲပြီးသွားသော်လည်း ကုသမှုမှာ မပြီးပြတ်သေးတာကြောင့် အိမ်မပြန်ဖြစ်သေးဘဲ ဒေါက်တာချန်ဆီ လာနေရတုန်းဖြစ်သည်။

ပုံမှန်အားဖြင့် ဟန်းယန်မှာ သူ့ဇာတိမြို့ကို ပြန်သည့်အခါ ကျောင်းသား/သူများအတွက် လျှော့ပေးထားသည့် တစ်ဝက်ဈေးသာရှိသည့် ရထားဖြင့်သာ ပြန်လေ့ရှိသည်။ ခရီးရှည်သော်ငြား သူ့အတွက် အိပ်ဖို့နေရာရသည်ပင်။ သို့သော်လည်း ဒီတစ်ခေါက်မှာတော့ ဟဲ့လျန်ချင်းက လေယာဉ်လက်မှတ်ဝယ်ပေးထားတာကြောင့် သွားရမည့်နေ့တွင် သူ့ကို လိုက်ပို့လာခဲ့သည်။

ဟဲ့လျန်ချင်းမှာ အစမူလက သူနှင့်အတူလိုက်ပြန်ပါရန် စီစဉ်ထားသော်လည်း နှစ်ကုန်ပိုင်းဖြစ်တာကြောင့် ကုမ္ပဏီမှာ သိသိသာသာအလုပ်များလာပြီး သူနှင့်အတူလိုက်မပြန်နိုင်တော့ပါချေ။ ထို့ကြောင့် ထိုသူမှာ ချဉ်စုတ်စုတ်မျက်နှာဘေးဖြင့် တစ်ဖက်သူကို လွှတ်ပေးလိုက်ရတော့သည်။

"ခင်ဗျားက အမြဲတမ်းကြည့်ကောင်းနေတာကို အဲ့လိုမျက်နှာကြီး မလုပ်ထားပါနဲ့.. နော်~" ဟန်းယန်က တစ်ဖက်သူ၏မျက်နှာကို ဆွဲလိုက်ပြီး စနောက်ပြီး ပြောလာခဲ့သည်။

ဟဲ့လျန်ချင်းကတော့ အမူအရာမဲ့သည့်ဟန်ကို ဆက်၍ဆင်မြန်းထားသော်ငြား အတွင်းမှာတော့ ဒေါသထွက်နေခဲ့သည်။

ထိုယောက်ျား၏ပခုံးကို အမှီပြုကိုင်၍ ခြေဖျားထောက်ကာ တစ်ဖက်သူ၏နှုတ်ခမ်းကို ဖြတ်ကနဲနမ်းလိုက်ရင်း နှစ်သိမ့်ပေးနေတော့သည်။ "စာသင်နှစ်မစခင် ကျွန်တော်ပြန်လာခဲ့မယ်နော်။ အန်တီစုရယ် တခြားသူတွေနဲ့ ခင်ဗျား အဆင်ပြေမှာပါ"

ကောင်ငယ်လေး၏အနမ်းကြောင့် ဟဲ့လျန်ချင်း၏မျက်နှာမှာ အနည်းငယ်ပိုကောင်းလာခဲ့သော်လည်း ထိုပြောစကားကို ကြားပြီးနောက်တွင် မပျော်မရွှင်ဖြစ်လာပြီး "စာသင်နှစ်စတော့မှလား" အခုချိန်ထွက်သွားရင်တောင် စာသင်နှစ်ပြန်စဖို့ တစ်လကြီးများတောင် လိုသေးတယ်လေ။

"ကျွန်တော် အဘိုးနဲ့ အတူတူအချိန်ပိုဖြုန်းချင်နေသေးတယ်လေ" ဟန်းယန်ဟာ ဟဲ့လျန်ချင်း၏လက်ကို သူ၏လက်ချောင်းကြားများအတွင်း အတူတကွဆုပ်ကိုင်လိုက်ပြီး "သူတစ်ယောက်တည်း အိမ်မှာကျန်နေခဲ့တာကို ခင်ဗျားလည်း သိရဲ့သားနဲ့။ အဲ့ဒါက အထီးကျန်ဖို့ကောင်းတယ်လေ"

လက်ထပ်စာချုပ် || ဘာသာပြန် ✅Donde viven las historias. Descúbrelo ahora