အခန်း - ၀၄

3.1K 383 7
                                    

ပြင်သစ်စတိုင်ပြတင်းပေါက်ကိုကာထားသည့်လိုက်ကာအခွဲကနေ မနက်ခင်းနေရောင်ခြည်ဟာကျီစယ်နေသည်။ တောက်ပတဲ့နေအလင်းရောင်ဟာ ကြမ်းပြင်ပေါ်တွင်ဖြာကျနေ၏။

အသိစိတ်ရဲ့နှိုးဆော်ချက်ကြောင့် ဟဲ့လျန်ချင်းနိုးနေသည်မှာကြာခဲ့ပြီဖြစ်သော်ငြား မထသေးပဲလဲလျောင်းနေသည်။ ဘာကြောင့်လဲဆိုတော့ ထူးခြားလှတဲ့ဒီမနက်ခင်းလေးမှာ သူ့ကိုရှောင်ဖို့ကြိုးစားနေတဲ့ကောင်လေးက သူတို့ကြားမှာအကွာအဝေးခြားထားပြီး သူ့ရဲ့ဗိုက်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလျက်ရှိ၏။

သူတို့စစတွေ့ချင်တုန်းက ပုံစံနဲ့မတူပဲ နူးညံ့သိမ်မွေ့မှုတွေဟာ
ထင်ဟပ်နေသည်။ ဟန်းယန်အိပ်ပျော်နေပုံက ပိုပြီးနူးညံ့နေပုံပေါ်သည်။ ထိုအခန်းထဲတွင်သူ့ရဲ့မျက်နှာလေးဟာ ဖော်ပြ၍မရအောင်ပင် နူးညံ့နေပုံပေါ်သည်။ သူ့ရဲ့အိပ်မက်ထဲမှာ ရယ်ရွှင်စရာမက်နေဟန် ဖြစ်ရမည်။ သူ့ရဲ့နှုတ်ခမ်းထောင့်လေးဟာ အပေါ်သို့ အနည်းငယ်ကော့တက်နေသည်။ သူ့(ဟဲ့လျန်ချင်း)ကို အကြိမ်တိုင်းဆန့်ကျင်တတ်တဲ့
ဆိုးသွမ်းတတ်တဲ့
ကောင်ငယ်လေးတစ်ယောက်လိုလည်း ပြုမူတတ်သေးသည်။

ဒီလိုအမူအရာတွေနဲ့ပတ်သက်ပြီး ဟဲ့လျန်ချင်းအနည်းငယ်အံ့သြသွား၏။ သူ့ကိုစောင့်ကြည့်လေလေ မမျှော်လင့်ထားတဲ့အနေအထားကြောင့် စိတ်ဝင်စားစရာကောင်းတဲ့အမူအရာတွေ တစ်စတစ်စပေါ်လာလေဖြစ်သည်။

၁၀ မိနစ်ကြာပြီးနောက် ဟန်းယန်နိုးလာသည်။ ဟဲ့လျန်ချင်းရဲ့ရုတ်တရက်ပြန်ရောက်လာမှုကြောင့် သူ့ကိုစိတ်အိုက်သွားစေခဲ့ပြီး မနေ့ညလယ်ထိမအိပ်ပျော်ခဲ့ပေ။

မနေ့ညက သူရဲ့ငယ်ဘဝအကြောင်းအိပ်မက်မက်ခဲ့သည်။ သူ့ရဲ့အိမ်အိုကြီးရယ် ခွေးအကြီးကြီး (Pan Jiaozi = ပန်ကျောင်းဇီ)*ရယ် လယ်ကွင်းပြင်ကြီးမှာဆော့နေကြသည်။ ထိုအချိန် သူကအသက် ၈ နှစ်အရွယ်ပဲရှိသေးသည်။ ပန်ကျောင်းဇီမတ်တပ်ရပ်လိုက်တဲ့အချိန်မှာ သူ့လောက်နီးနီးအရပ်ရှည်၏။
အဲ့အချိန်တုန်းက ပန်ကျောင်းဇီနဲ့ဆော့တဲ့အချိန် ခေါင်းလေးကိုသူ့ရဲ့ခန္ဓာကိုယ်ကိုတိုးဝှေ့ရင်းချွဲလေ့ရှိသည်။ သူကတော့ ပန်ကျောင်းဇီနောက်လိုက်ရင်းလယ်ကွင်းပြင်ကြီးထဲမှာ သူ့အဖိုးထမင်းစားဖို့လာမခေါ်မချင်းကစားနေလေ့ရှိသည်။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Opowieści tętniące życiem. Odkryj je teraz