အခန်း - ၂၂

1.3K 202 10
                                    

"မင်း အားချင်း ရဲ့ စာအုပ်စင်ကို သွားရင် ဘယ်ဘက်စွန်းက ဒုတိယ အံဆွဲမှာ သေတ္တာသေးသေးလေးကို တွေ့လိမ့်မယ်။ ပြီးရင်တော့ အဲ့မှာ မင်းသိချင်နေတဲ့အဖြေတွေကို သိရလိမ့်မယ်"

ဟန်းယန် စာအုပ်စင်ရှေ့တွင် ရပ်လိုက်ပြီးနောက် ရွှီလောင်ကျောက် ပြောသည့်စကားများကို စိတ်ထဲတွင် ပြန်အမှတ်ရလာသည်။ စာအုပ်စင်မှာ အတော်လေးမြင့်သောကြောင့် လှေကားထစ်တစ်ခုကို အသုံးပြုပြီး တက်ခဲ့သည်။ ရွှီလောင်ကျောက်ပြောသည့် ဘယ်ဘက်အစွန်ဆုံးက ဒုတိယအံဆွဲက သေတ္တာဆီ လက်လှမ်းလိုက်သည်။

၎င်းဟာ လက်ရာမြောက်ကာ လှပသော အနုစိတ်သော ဒီဇိုင်းများစွာဖြင့် ရေးဆွဲထားသော ရှေးဟောင်းပုံစံ သစ်သားသေတ္တာတစ်ခုဖြစ်သည်။

သေတ္တာကို ယူလိုက်သည်နှင့် စိတ်လှုပ်ရှားနေခြင်းကြောင့် သူ့လက်များမှာလည်း လွန်စွာတုန်ယင်နေပြီး သူတပါး၏လျှို့ဝှက်ဆန်းကြယ်သည့်အရာတစ်ခုကို ချောင်းကြည့်နေသလိုမျိုး ခံစားလာရတော့သည်။

ပထမဆုံးအနေနဲ့ အရင်ဖွင့်ကြည်ရန်မကြိုးစားဘဲ ထိုအရာကို စေချာစေ့စေ့ကြည့်ကာ "ဖွင့်" ၊ "မဖွင့်နဲ့" ဆိုသည့် ဆန့်ကျင်ဘက် အတွေးနှစ်ခုကြား ဗျာများနေကာ သူ့အရှေ့မှာ အဖြေတွေအများကြီးပေးထားပြီး အဖြေတစ်ခုကို ရွေးခိုင်းနေသည့် စာရွက်တစ်ရွက်နှင့်တူနေသည်။

ဒီလုမျိုး ခိုးကြောင်ခိုးဝှက်လုပ်တာက မှားတယ်လို့ စူ့စိတ်က သတိပေးနေပြီးတော့ ဟဲ့လျန်ချင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း သူ့ဆန္ဒမပါဘဲ ခိုးလုပ်နေတာဟာ အရမ်းဆိုးဝါးလွန်းသည်။

ဒါပေမဲ့လည်း သူနဲ့ပတ်သက်သည့်အရာတစ်ခုရှိနေလောက်သည်.. မဟုတ်လျှင် ရွှီလောင်ကျောက် သူ့ကို ဒီလိုစကားမျိုး ပြောလိမ့မည် မဟုတ်ပါချေ။

ပြီးတော့ ရွှီလောင်ကျောက်ပြောသည့်အဖြေကို သူသိချင်သည်။ ဘာ့ကြောင့် ဟဲ့လျန်ချင်းက အစကတည်းက သူနဲ့ စာချုပ်ချုပ်ချင်ခဲ့ရတာလဲ။

နောက်ဆုံးတော့လည်း သူ၏စိတ်ခံစားမှုများက သူ၏ဆင်ခြင်တုံတရားပေါ်ကို အနိုင်ယူသွားခဲ့လေပြီ။ ထို့ကြောင့် အသက်ပြင်းပြင်းရှူရင်း ဟန်းယန် သေတ္တာကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သော့ဖွင့်လိုက်ချိန် 'ကလစ်' ဟူသည်သည့် မြည်သံနှင့်အတူတူ သေတ္တာခလုတ်မှာ ပွင့်သွားခဲ့ချိန် သူ၏နှလုံးခုန်သံကိုတောင် ဟန်းယန် ပြန်ကြားနေရသည်။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Tahanan ng mga kuwento. Tumuklas ngayon