အခန်း - ၁၇ (unicode)

2.6K 281 24
                                    

ချင်းကောကောက စွပ်ပြုတ်မပေးဘူးလို့ ပြောနေပေမယ့်လည်း သူ့စံအိမ်ကို ပြန်လာနေတုန်းပင်။ နောက်နေ့ သူ့စံအိမ်ကို ပြန်လာပြီး ဟန်းယန်ပြောခဲ့သည့်အရာတွေကို အန်တီကျောက်ဆီပြန်ပြောပြီး ဘာမှားနေသလဲဆိုတာကို သူမေးမလို့ပင်။

အဖြစ်အပျက်ကို ပြန်ပြောပြီးတော့ အန်တီကျောက်က ရယ်မောစွာနဲ့ပြန်ဖြေလာခဲ့သည်။ "သခင်လေးရယ်၊ ကျွန်မ စားဖိုမှူးဖြစ်လာတာ သက်တမ်းတစ်ဝက်ရှိပါပြီ။ ဒါ့ကြောင့် သခင်လေးနဲ့ယှဉ်ရင် ကျွန်မလက်ရာက ပိုကောင်းဆိုတာက ဖြစ်သင့်တယ်လေ"

"ဒါဆို ကျွန်တော်ဘာလုပ်ရမလဲ?" ဟဲ့လျန်ချင်း မျက်မှောင်ကြုံ့လိုက်သည်။

"လေ့ကျင်တာများရင် ပိုကောင်းလာမှာပါ။ ကျွန်မ ဒီနေ့လည်အတွက် အမျိုးအမည်တွေ ပြင်ဆင်ထားပြီးပါပြီ" အန်တီကျောက်က ဟာသလုပ်ပြောလာသည်။ "သခင်လေး စိတ်မရှည်ဘူးဆိုတာကို ဘယ်သူက သိမှာလဲ?"

"စွပ်ပြုတ်ပဲလုပ်ကြမှာလား?" ဟဲ့လျန်ချင်းက အမူအယာမဲ့စွာပြောလာသည်။ သူ့ရဲ့အတွင်းစိတ်ထဲမှာတော့ ငါးခြောက်ကလေးလိုပဲ သူများလုပ်ပြီးသားလေး အဆင်သင့်ထိုင်စားချင်နေတာကို ထပ်ခါထပ်ခါပြောနေသည်။

အန်တီကျောက် "ကောင်းပြီ။ ဒါဆိုရင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာကို အခုသင်ပေးမယ်။ ဒါဆိုရင် ဒီနေ့ကတော့.."

"ဝက်ဗိုက်သားငရုတ်ကောင်းဟင်းချို" ဟဲ့လျန်ချင်း ပြောလိုက်သည်။

"ဟုတ်တယ်" အန်တီကျောက်က ရယ်လျက် ပါဝင်ပစ္စည်းတွေကို ဟဲ့လျန်ချင်းကို ရှင်းပြနေသည်။

ဟင်းချိုအမျိုးအစားအများကြီးကို သင်ယူချင်တဲ့ စိတ်ဆန္ဒရှိတာကြောင့် မှတ်စုစာအုပ်ကို ချက်ချင်းထုတ်လိုက်သည်။ ပါဝင်ပစ္စည်းတွေနှင့် အရသာကောင်းကောင်းထွက်အောင် ဘယ်လိုချက်ပြုတ်ရမလဲဆိုသည့်နည်းတွေကို မှတ်သားထားချင်သောကြောင့် ဖြစ်သည်။

အိမ်တော်ထိန်းက ဘေးမှာရပ်ကြည့်နေပြီး သူတို့၏သခင်လေးက စိတ်အားတက်ကြွစွာ သင်ယူနေသည့်ပုံကို တွေ့လိုက်ရတာကြောင့် စိတ်ထဲဝယ် ပျော်ရွှင်မှုကြောင့် ဝမ်းနည်းနေတော့သည်။ "အာ.. မိန်းမကိုချော့ရတာလည်း တကယ်မလွယ်ကူပါလားနော်"

လက်ထပ်စာချုပ် || ဘာသာပြန် ✅Donde viven las historias. Descúbrelo ahora