အခန်း - ၀၁

7.2K 538 2
                                    

ကျယ်ဝန်းလှသည့် ဧည့်ခန်းမကြီးထဲတွင် ပရိုဂရမ်းမင်းနဲ့သက်ဆိုင်‌သော အချက်အလက်များပါသည့် ဖတ်လက်စဖိုင်အချို့ဟာ ဆိုဖာပေါ်မှာထိုင်နေသည့် ဟန်းယန်၏နဘေးတွင် ထပ်လျက်ရှိနေသည်။ ယခုလက်ရှိတွင် ဟန်းယန်ဟာ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ကာ ဝင်ငွေအနည်းငယ်ဝင်ရန်အတွက် သူ့၏အားလပ်ချိန်တွင် ပရိုဂရမ်းမင်းနှင့်သက်ဆိုင်သည့် ပရောဂျက်တစ်ခုကို တာဝန်ယူထားသည်။ စကောလားရှစ်ရနိုင်တယ်ဆိုလျင်‌တောင်မှ ရသည့်ဝင်ငွေအနည်းငယ်ကိုစုပြီး အဖိုးဖြစ်သူအတွက် သုံးစွဲချင်သောကြောင့်ဖြစ်၏။

ယခု သူတာဝန်ယူထားသောပရောဂျက်မှာလည်း နိုင်ငံခြားကုန်သွယ်ရေး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည်။ အရင်ကတစ်ယောက်က ရေးဆွဲပေးဖူးပြီးသားဖြစ်သော်ငြား မပြီးပြတ်ဘဲ ကျန်နေခဲ့တာကြောင့် ဟန်းယန်မှ အသစ်ပြင်ဆွဲလိုက်ရခြင်း ဖြစ်ပြီး မပြီးပြတ်‌ေသးသည့် အစိတ်အပိုင်းတွေကိုလည်း ပြန်ပြင်နေရသည်။

ကွန်ပျူတာကို သူ့ပေါင်ပေါ်တွင် တင်ထားကာ ခြေကိုချိတ်လျက်ထိုင်နေပြီး သူ့ရဲ့လက်ချောင်းတွေဟာ ကီးဘုတ်ပေါ်မှာပြေးလွှားနေ၏။ ရှည်လျားဖြောင့်စင်းသည့် သူ၏နဖူးရှေ့မှ ဆံစလေးတွေဟာ တစ်ခါတစ်ရံ သူ၏အမြင်အာရုံတွေကို လာ,လာကွယ်လျက်ရှိသည်။ ကတ်ထူဖိုင်အရှည်တစ်ခုကိုယူလိုက်ပြီး ပရင့်ထုတ်ထားသော အချက်အလက်ပါဖိုင်နဲ့အတူ ပူးတွဲချုပ်လိုက်သည်။

ကုဒ်ရေးနေချိန်တွင် ဟန်းယန် လုံးဝဈာန်ဝင်ကာ နစ်မြောသွားတာကြောင့် တစ်စုံယောက်တစ်ယောက်‌သောသူက တံခါးဖွင့်ပြီး အခန်းထဲဝင်လာတာတောင် သူသတိမပြုမိလိုက်ချေ။

ဟယ်လျန်ချင်း ပြန်လာချိန်မှာ ဟန်းယန်၏ဤကဲ့သို့ပုံစံကို မြင်လိုက်ရ၏။ သိမ်မွေ့သည့်လေညင်းလေးတွေ ဝန်းရံထားသကဲ့သို့ ၊ မီးရောင်ဖျော့ဖျော့ဟာ အနှီသူ၏မျက်နှာပေါ်တွင် ဖြာကျနေတာကြောင့် အရိပ်ထင်လျက်ရှိကာ သူတို့တွေ့ကာစ လေထုမျိုးနှင့် လားလားမျှမဆိုင်။ ပန်ဆင်ထားသည့်ကလစ်ကလေးကြောင့် အနီကောင်လေးမှာ ကလေးဆန်စွာ ချစ်စဖွယ်အတိ။

ဟန်းယန်မှာ အလုပ်ကိစ္စတွင် ဈန်ဝင်နေတာပြီး သူပြန်လာတာကို သတိမပြုသည့်အနှီကောင်လေးကြောင့် သူ၏ခြေသံတွေကို ခပ်ပြင်းပြင်းရှပ်တိုက် လျှောက်လိုက်တော့သည်။ တကယ်ကို သူ့ခေါင်းထဲမှာ လုပ်လက်စအလုပ်တွေသာ ရှိနေသည်။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Where stories live. Discover now