အခန်း - ၀၂

3.6K 446 6
                                    

သူ မူလတန်းကျောင်း စတက်တဲ့နေ့မှစ၍ အထက်တန်းကျောင်းပြီးသည့်နေ့အထိ ဟန်းယန်တစ်ခါမှ သူ၏မိဘတွေကို မမြင်ဖူးပေ။ လွန်ခဲ့သော ၁၅ နှစ်.. ညတစ်ညတွင် သေးငယ်တဲ့မြို့လေးတစ်ခုမှာ စွန့်ပစ်ခံခဲ့ရပြီး ကြင်နာတတ်သည့်လူအိုကြီးတစ်ယောက်က ကောက်ယူမွေးစားခဲ့သည်။ ထိုအချိန်တုန်းက လူအိုကြီးတစ်ယောက်ဟာ ကောင်ငယ်လေးတစ်ယောက်ကို သူနှင့်အတူ ခေါ်လာခဲ့ပြီး သူ့၏မြေးအရင်းပမာ အသက်ကြီးသည့်တိုင်အောင် သူတစ်ယောက်တည်းလုပ်အားဖြင့် ရုန်းကန်စောင့်ရှောက်ခဲ့သည်။

ဟန်းယန် (၅) နှစ်တောင် မရှိသေးသည့်အရွယ်မှာ စွန့်ပစ်ခြင်းခံခဲ့ရသည်။ လပြည့်ပြီး (၁၂) ရက်မြောက်နေ့ အေးခဲနေသည့်နေ့၏ညတစ်ညမှာ သူဟာ အေးခဲလုနီးပါး ဖြစ်နေခဲ့သည်။ ထိုအချိန်တုန်းက လူတစ်ယောက်ပြောပြချက်အရဆိုလျှင် သူ့အဖိုး သူ့ကို ခေါ်လာချိန်မှာ သူ့၏တကိုယ်လုံးဟာ အသွေးအရောင်တောင်မရှိတော့ဘဲ အေးခဲနေပြီး ခိုက်ခိုက်တုန်ကာ ခန္ဓာကိုယ်ကိုသာ ပုစွန်ထုပ်ကဲ့သို့ကွေးထားသည်တဲ့ ..။ ထိုနောက်ပိုင်း သူ ထူထူထောင်ထာင်ဖြစ်လာနိုင်ရန် နှစ်ဝက်လောက်အချိန်ယူခဲ့ရပြီး စကားပြောသင်ရတော့သည်။ ကံမကောင်းစွာနဲ့ ကလေးမှာကျန်ခဲ့တဲ့အကျိုးဆက်ကတော့ ဆောင်းရာသီဖြစ်ဖြစ် ဒါမှမဟုတ် စိုစွတ်သည့်ရာသီဖြစ်ဖြစ် ခြေထောက်ကိုက်ခဲသည့်ဝေဒနာကိုခံစားရတော့သည်။

သူ့အသက် ၅ နှစ်အရွယ်မူလတန်းကျောင်းသားဘဝတုန်းက အဖိုးဖြစ်သူက ဟန်းယန်ကို သူ့ငယ်ဘဝအကြောင်း ပြောပြခဲ့သည်။ သူသိလိုက်ရတာက သူဟာမြေးအရင်းမဟုတ်ဘဲ မွေးစားခံထားရသည်ဆိုတာကိုပေါ့။ အဲဒါကြောင့် နောက်ပိုင်း တခြားကလေးတွေကို ဂရုစိုက်ပေးမယ့်မိဘရှိတာကို တွေ့ရတိုင်း သူ့ရဲ့မိဘတွေဟာလည်း ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို ဟန်းယန် အရမ်းသိချင်ခဲ့သည်။ သူ၏အသက် အရမ်းငယ်သေးတဲ့အချိန်မှာ စွန့်ပစ်ခံလိုက်ရတာကြောင့် ထိုအချိန်တုန်းက သူ့မိဘတွေဟာ ဘယ်လိုပုံစံရှိလဲတောင် မေ့နေခဲ့တာ တော်တော်ကြာခဲ့လေပြီ။

သူ့အသက်အရွယ်ကြီးရင့်လာတဲ့အချိန်မှာ ရှာမယ်လို့စဉ်းစားခဲ့သည်။ သို့ပေမယ့် သူ တကယ်အသက်ကြီးလာချိန်မှာတော့ သူ့ရဲ့အခြေအနေကို နားလည်လိုက်တာကြောင့် ထိုကဲ့သို့သော အတွေးမျိုးကြာကြာမရှိတော့ပေ။ သူ့၏တည်ငြိမ်အေးချမ်းနေသည့် ဘဝလေးကို မဖျက်စီးချင်ပေ။ ပိုအရေးကြီးတာက သူ့ကို ခက်ခက်ခဲခဲပြုစုပျိုးထောင်ပေးခဲ့သည့် ထိုပုဂ္ဂိုလ်ကိုလည်း မထားခဲ့ချင်ပေ။ ဒါတွေအားလုံးဟာ သူ့ရဲ့အကြောင်းပြချက်တွေပင် သူ့ကိုတောင်ဖေဖေကြီးလို့ခေါ်သည်။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Tempat cerita menjadi hidup. Temukan sekarang