အခန်း - ၂၅ (ဇာတ်သိမ်းပိုင်း)

2.3K 207 5
                                    

မော့စူးယဲ့၊ အခြားသူများနှင့်အတူ နှစ်သစ်ကို အတူဆင်နွှဲကြမည်ကို ကြားလိုက်ရသောအခါ ဟန်းယန်၏နှလုံးသားမှာ ပေါက်ထွက်မတတ် ခုန်ပေါက်လာပါတော့သည်။ ဟဲ့လျန်ချင်းမိသားစုအိမ်ကို ပထမဆုံးအကြိမ် သွားနှုတ်ဆက်တုန်းကထက်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ နှစ်ခုကြားကွာခြားချက်ကတော့ ဒီတစ်ကြိမ်က အရင်ကထက် ဘာနဲ့မှမတူဘဲ စိတ်လှုပ်ရှားနေခြင်းပဲဖြစ်သည်။

"တကယ်.." ဟန်းယန်က ဒီသတင်းကို မယုံသင်္ကာဖြင့် မေးလိုက်သည်။ "အန်တီစုနဲ့ တခြားသူတွေ ဒီကိုတကယ်ပဲ လာနေကြတာလား။ ခင်ဗျား လိမ်နေတာတော့ မဟုတ်ပါဘူး။ ဟုတ်တယ်မလား။ လောင်ယဲဇီကရော.. သူရော တစ်ခါတည်းလိုက်လာတာလားဟင်"

"သေချာပေါက် လိုက်လာတာပေါ့" ဟဲ့လျန်ချင်း ထပ်မပြောခင် ကောင်ငယ်လေး၏ပါးနှစ်ဖက်ကို ဆွဲညစ်လိုက်ပြီး "ကိုယ်ပြောပြီးပြီမဟုတ်ဘူးလား။ မင်းပဲ အားလုံးနဲ့အတူတူ နှစ်သစ်ကူးပွဲတော်ကို ဖြတ်သန်းချင်တယ်ဆို။ အခုမကျေနပ်ဘူးလား ပြော"

"ဒါ..ဒါပေမဲ့..." ဟဲ့လျန်ချင်းဟုအမည်တွင်သည့် ထိုအမျိုးသားကို ဆွဲဖက်လိုက်ပြီး "အရမ်းဝေးပြီး အေးလည်းအေးနေတာကို.. သူတို့ဘယ်လိုလုပ်.."

"ဘယ်လို- ဘယ်လို- ဘယ်လို- ဘယ်လို" ဟဲ့လျန်ချင်းက သူ့ကိုကြားဖြတ်ကာ အေးစက်စွာပြောလိုက်ပြီး "မြတ်စွာဘုရား.. ကိုယ် မင်းရဲ့စကားလုံးတွေကို ဆက်ပြောပေးလိုက်ပြီးပြီ။ ကျေးဇူးပြုပြီး ထပ်မပြောပါနဲ့တော့လား"

အခုချိန်တွင် ဟန်းယန်မှာ ဟဲ့လျန်ချင်း၏လျှာစောင်းကို လျစ်လျူရှုထားရင်းဖြင့် ထိုလူ၏မျက်ဝန်းတွင်းသို့ ရီဝေစွာစိုက်ကြည့်ရင်း သူ၏ဦးနှောက်မှာတော့ဖြင့် ရှုပ်ယှက်ခတ်နေလေသည်။ ဤသို့သော စိတ်အားထက်သန်စွာ အကြည့်ကို သည်းမခံနိုင်သော ထိုယောက်ျားက သူ့ကိုဝန်ခံလိုက်သည်။ "မင်းအဘိုးကိုလည်း ကိုယ်တို့အကြောင်းပြောပြီပြီလို့ပြောတယ်။ မိသားစုနှစ်စုလုံးကလည်း တွေ့ဆုံပွဲလုပ်ချင်နေတယ်ဆိုမှတော့ ဒီနှစ်သစ်ကူးပွဲတော်ထက် ပိုပြီးသင့်တော်တာ မရှိဘူးလို့ တွေးမိတာနဲ့ ...မိသားစုတွေစုစည်းကြမယ်။ အခုရှင်းသွားပြီလား"

လက်ထပ်စာချုပ် || ဘာသာပြန် ✅Where stories live. Discover now