ရေချိုးခန်းထဲတွင် ဟန်းယန် သူ၏မျက်နှာကိုဘေစင်တွင် ဆေးကြောနေလေသည်။ တစ်ညလုံးနီးပါး ဟိုလိမ့်သည်လိမ့်နှင့်ဖြစ်နေခဲ့တာကြောင့် သူ့တစ်ကိုယ်လုံးဟာချွေးတွေနှင့် အဆီတွေထွက်နေတော့သည်။ နောက်ဆုံးတကြိမ်မျက်နှာသစ်လိုက်ပြီး လက်တွေကိုခါလိုက်ကာ တံခါးဖွင့်ပြီး သန့်စင်ခန်းရှိရာသို့ သွားလိုက်တော့သည်။
အခန်းငယ်ထဲမှထွက်ပြီးခြေလှမ်းအနည်းငယ်လှမ်းရုံရှိသေး, သူ့ခါးကိုကိုင်ပြီး ပွေ့ဖက်ခြင်းခံလိုက်ရတော့သည်။ ဖြစ်ရပ်ကအရမ်းမြန်သွားတာကြောင့် လွတ်မြောက်ရန်စူးခနဲအော်လိုက်မိတော့သည်။ သူ့အော်သံကိုကြားတော့ ဟဲ့လျန်ချင်းပြောလာသည်။
"ဘာတွေအော်နေတာတုန်း""ခင်ဗျား.....ကျွန်တော့ကိုအရင်ချပေး" ဟန်းယန်တီးတိုးပြော၏။
"ငါအခုချိန်ထိမထွက်သွားသေးဘူး, ငါဒီမှာအခုထိရှိနေတာကိုမုန်းတာလား"
ဟဲ့လျန်ချင်းမေး၏။"ကျွန်တော်အဲ့လိုပြောချင်တာမဟုတ်ပါဘူး..." ဟန်းယန်ပြန်ပြော၏။
"....." အိုး! ထားလိုက်ပါတော့, ထိုကောင်းလေးတွေး၏။
ဒီထပ်စကားပိုပြီးမပြောချင်ပေ။ထို့နောက် သူအိပ်ရာပေါ်ပြန်ရောက်လာတော့ ဟန်းယန်ရဲ့မျက်လုံးတွေဟာ ထိုသူရဲ့ခြေထောက်ကိုအကြည့်ရောက်သွားမိသည်။ အထူးသဖြင့် ဖိနပ်တွေဖုံးအုပ်ထားတဲ့ထိုသူ့ခြေထောက်ကိုပေါ့...သိချင်လာတာကြောင့် ချက်ချင်းပဲထုတ်မေးလိုက်တော့သည်။ "အဲ့ဖိနပ်တွေဘယ်ကရတာလဲ"
"ငါဝယ်ခဲ့လိုက်တာ" ဟဲ့လျန်ချင်းကရိုးသားစွာဖြေ၏။
"ဒီအချိန်ကြီး ဝယ်လို့ရမယ့်နေရာဘယ်မှာတွေ့တာလဲ" သူရေချိုးခန်းထဲမှာ အများဆုံးရှိလှ နှစ်မိနစ် ၊ သုံးမိနစ်ပဲကြာတာကို!
"မင်းအိပ်နေတုန်းက" ခွက်ထဲကိုရေထည့်ပြီးသူ့ကိုမပေးခင် ဟဲ့လျန်ချင်းပြန်ဖြေလိုက်သညါ။
"......" ဟန်းယန် တစ်ဖန်ပြောစရာစကားပျောက်ရှသွားရပြန်သည်။ ထိုသူ ဖိနပ်အသစ်ရလာတာကို သူ့ကိုမပြောပဲထားတယ်! ထိုသူစီးထားတဲ့ဖိနပ်ကလွဲ၍ တခြားသူရဲ့ဖိနပ်ကိုငှားရအောင်လဲ ထိုနေရာမှာမည်သူမျှမရှိ။
BẠN ĐANG ĐỌC
လက်ထပ်စာချုပ် || ဘာသာပြန် ✅
Lãng mạnTotal Chapters - 25 + Epilogue + Extra Original Author - Công Tử Như Lan,Gongzi Rulan, 公子如兰 Eng Translator - -iana- ⚠︎ ᴛʜɪs ɪs ᴛʜᴇ ғᴜɴ ᴛʀᴀsʟᴀᴛɪᴏɴ. ɪ ᴅᴏɴ'ᴛ ᴏᴡɴ ᴀɴʏ ᴘᴀʀᴛ ᴏғ ᴛʜɪs sᴛᴏʀʏ. ᴀʟʟ ʀɪɢʜᴛs ʙᴇʟᴏɴɢ ᴛᴏ ᴏʀɪɢɪɴᴀʟ ᴀᴜᴛʜᴏʀ ᴀɴᴅ ᴇɴɢ ᴛʀᴀɴsʟᴀᴛᴏʀ. ғᴜʟʟ ᴄʀ...