အခန်း - ၀၇

2.2K 312 3
                                    

နောက်နေ့ရောက်တော့ ဟဲ့လျန်ချင်းရဲ့လက်မောင်းထဲမှာ ဟန်းယန် သူ့ကိုသူတွေ့လိုက်ရသည်။ ထိုသူကြီးရဲ့နွေးထွေးတဲ့လေဝင်လေထွက်ဟာ သူ့ဂုတ်ပိုးကအသားအရေပေါ်မှာကျီစယ်နေ၏။ သူ့နား,နားမှာ စ်မ်းဖန့်ဖန့်အရာဟာရှိနေတော့ သူတောင့်တင်းသွားတော့သည်။ (T/n - ဒီနားကသိပ်နားမလည်လို့ ဒီတိုင်းရေးလိုက်တယ် ၊ ထင်တာက အနောက်ကနေဖက်ထားတော့ ဟဲချင်းနှုတ်ခမ်းက သူ့နားရောက်နေတာနေမယ်)

အရမ်းနီးလွန်းတယ် .....

ဒီအ​ကွာအဝေးက အရမ်းကိုကြောက်ဖို့ကောင်းတယ် ... အရမ်းအန္တရာယ်များလွန်းတယ်

အခုထိတောင့်တောင့်ကြီးဖြစ်နေပြီး .. ဟဲ့လျန်ချင်းမနိုးနေတာသေချာအောင်လို့ တစ်မိနစ်လောက် စောင့်နေလိုက်၏။ ဂရုတစိုက် သူ့ခါးပေါ်မှာရစ်ပတ်ထားတဲ့ လက်တွေကိုဖယ်လိုက်ပြီး တိတ်တိတ်လေးထထွက်လိုက်သည်။

ခဏကြာတော့ အိပ်ရာပေါ်မှာအခုထိလဲလျောင်းနေသေးတဲ့သူကို နီးကပ်စွာကြည့်လိုက်၏။ သူ့ရဲ့လှုပ်ရှားမှုကဒီလူကိုမနှိုးလိုက်မိဘူးဆိုတာ သေချာတော့မှ သူ့နှုတ်ခမ်းပါးကနေသက်ပြင်းဖွဖွချလိုက်ပြီး ဆေးကြောသန့်စင်ဖို့အိပ်ခန်းထဲမှထွက်သွားတော့၏။ သတိလက်လွတ်ဖြစ်စွာနဲ့ပဲ သူ့နောက်တံခါးကိုပိတ်ပြီးချိန်မှာ အိပ်ရာပေါ်မှာလှဲနေတဲ့ထိုသူ့ရဲ့မျက်လုံးတွေဟာ ပွင့်လာတော့၏။

သူထလာပြီး ကုတင်ခေါင်းရင်းကိုမှီပြီးထိုင်နေလိုက်ပြီး ဟန်းယန်မျက်နှာသစ်ပြီးထွက်လာတာကိုစောင့်နေလိုက်သည်။ မနေ့ကဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိုကောင်ငယ်လေးကဘယ်လ်ုအမူအရာမျိုး မျက်နှာပေါ်မှာရှိနေလဲဆိုသိချင်မိသည်။ ထိုကောင်ငယ်လေးက အရင်နေ့တွေလိုပဲ သေနေတဲ့ငါးတစ်ကောင်လိုမျိုးဆင်မြန်းထားလေမလား? အဲ့လိုသာဖြစ်ခဲ့ရင် ဒါဆို .......

သူ့ကိုချော့သာချော့လိုက်ချင်တော့တယ်။

ကလေးတွေကိုစိတ်ပြေအောင်လုပ်ရတာအရမ်းခက်ခဲတာပဲ ...

ခနဲ့သံပြုလုပ်ပြီး သူ့ဆံပင်တွေကိုထိုးဖွလိုက်သည်။ သူ့ဘေးမှာရှိနေတဲ့ဖုန်းကိုယူလိုက်ပြီး သတင်းစာဖတ်ဖို့ဖွင့်လိုက်သည်။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Where stories live. Discover now