ရွှီလောင်ကျောက် ဘားထဲဝင်သွားတာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကနေ 'ငါ့ကိုမထိနဲ့' ဆိုတဲ့ရောင်ဝါတွေထုတ်လွှတ်နေတဲ့ ဟဲ့လျန်ချင်းဆိုသည့်သူက ဘားမှာထိုင်နေတာကို မကြာခင်မှာပဲရှာတွေ့သွားတော့သည်။ လွန်ခဲ့တဲ့နာရီဝက်တုန်းက ဒီစိတ်ဓာတ်ကျနေတဲ့ကောင်က သူ့ညစာကိုမြန်မြန်စားပြီး သူရှိတဲ့ဘားဆီအပြေးလာဖို့ ခေါ်ခဲ့၏။ ထိုသူရဲ့လုပ်ချင်ရာလုပ်တတ်တဲ့ပုံစံက သူ့ကိုအတော်လေးပြဿနာဖြစ်စေသည်။
သူရောက်သွားတော့ ဟဲ့လျန်ချင်းဘေးကပုလင်းအလွတ်နှစ်လုံးကိုတွေ့လိုက်ရပြီး ထပ်သောက်တော့သူ့ရဲ့လက်တွေကိုလမ်းတစ်ဝက်မှာတင်ပိတ်ပင်တားဆီးလိုက်တော့သည်။
သူ့မျက်လုံးတွေကိုပင့်မလိုက်တဲ့အခါ သူ့ဘေးနားမှာရပ်နေတဲ့ရွှီလောင်ကျောက်ကိုတွေ့လိုက်ရ၏။ စားပွဲထိုးကို လက်ပြကာခေါ်လိုက်၍ ဖန်ခွက်တစ်ခွက်ထပ်ပေးဖို့ပြောလိုက်ပြီး "ထိုင်"
ရွှီလောင်ကျောက်သူ့ဘေးမှာထိုင်လိုက်ပြီး တစ်ငုံသောက်လိုက်၏။ ဟဲ့လျန်ချင်းဘက်လှည့်ပြီးသူမေးထောက်ထားကာ ဟာသနှောကာနဲ့ပြောလာတော့၏။ "ချင်းအာ, ဘာဖြစ်တာလဲ? ဘယ်သူကများကျွန်တော်မျိုးရဲ့မင်းသမီးလေးကိုစိတ်ညှိုးနွမ်းအောင်လုပ်လိုက်တာလဲဆိုတာမိန့်တော်မူပါဦး!"
"ဟ" ဟဲ့ချင်းကအကြည့်တစ်ချက်ပစ်သွင်းလိုက်ပြီး အေးစက်စွာရယ်ရင်းမေးလာတော့၏။ "ရှောင်ကျောက်, မင်းကုန်းဇီကကြာနေပြီပေါ့လေ ဟုတ်လား"
[T/n - 公子: Gongzi: (slang): playboy/ မျက်နှာများတဲ့အကောင်]
"......" ရွှီလောင်ကျောက်သရော်ပြုံးပြုံးလိုက်ကာ "မင်းကလေ နည်းနည်းမှချစ်ဖို့မကောင်းဘူး"
"မင်းလိုပဲ" ဟဲ့လျန်ချင်းကနောက်ထပ်တစ်ငုံထပ်သောက်လိုက်၏။
ဒီစိတ်တိုစရာကောင်းတဲ့အကောင်ခေါ်တုန်း သူညစာစားမလို့လုပ်တုန်းရှိသေးသည်။ သူမေးခွန်းအနည်းငယ်လောက်မမေးခင် ဒီစိတ်တိုစရာကောင်းတဲ့အကောင်လည်းညစာမစားရသေးလောက်ဟာတွေးမိတာကြောင့် ဘားကောင်တာကိုအဆာပြေစားဖို့ ဟင်းပွဲအနည်းငယ်ပြင်ခိုင်းလိုက်တော့၏။ "တကယ်ပဲ ဘာဖြစ်တာလဲ? ဘာတွေဒီလောက်တောင်စိတ်ပူနေရလို့ အရက်သောက်တဲ့အထိဖြစ်နေရတာလဲ"
ESTÁS LEYENDO
လက်ထပ်စာချုပ် || ဘာသာပြန် ✅
RomanceTotal Chapters - 25 + Epilogue + Extra Original Author - Công Tử Như Lan,Gongzi Rulan, 公子如兰 Eng Translator - -iana- ⚠︎ ᴛʜɪs ɪs ᴛʜᴇ ғᴜɴ ᴛʀᴀsʟᴀᴛɪᴏɴ. ɪ ᴅᴏɴ'ᴛ ᴏᴡɴ ᴀɴʏ ᴘᴀʀᴛ ᴏғ ᴛʜɪs sᴛᴏʀʏ. ᴀʟʟ ʀɪɢʜᴛs ʙᴇʟᴏɴɢ ᴛᴏ ᴏʀɪɢɪɴᴀʟ ᴀᴜᴛʜᴏʀ ᴀɴᴅ ᴇɴɢ ᴛʀᴀɴsʟᴀᴛᴏʀ. ғᴜʟʟ ᴄʀ...