အခန်း - ၁၅

2.2K 272 17
                                    

ဟန်းယန် ဒီနေ့အတန်းမရှိပေမယ့်လည်း သူ့ရဲ့ပုံမှန်နိုးနေကြအချိန်အတိုင်းနိုးလာခဲ့သည်။ ဟဲ့လျန်ချင်း အခုထိအိပ်နေတုန်းဖြစ်ကာ ပုံမှန်ဒီအချိန်ဆို အလုပ်သွားနှင့်ပြီဖြစ်တာကို သူသတိထားမိလိုက်သည်။

"ဟဲ့လျန်ချင်း" ဟန်းယန် ထိုသူကို တွန်းလိုက်သည်။ "မြန်မြန်ထတော့, အလုပ်နောက်ကျနေလိမ့်မယ်"

"ဒီနေ့ မသွားဘူး။ ဆူညံဆူညံလုပ်နေတာ ရပ်လိုက်တော့" ဟဲ့လျန်ချင်း ရွှေ့လာပြီး ကောင်ငယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်တော့သည်။

"ဒီလိုမျိုးအလုပ်ပျက်လို့ ဖြစ်ပါ့မလား?" ဟန်းယန် အမေးထုတ်လိုက်သည်။

သူဆူဆူညံညံလုပ်နေတာကြောင့် စိတ်တိုနေပြီဖြစ်တဲ့ဟဲ့လျန်ချင်းက သူခေါင်းကို လက်ထောက်လိုက်ပြီး သူ့လက်မောင်းထဲမှ ကောင်ငယ်လေးကို မကျေမနပ်ဖြင့် ကြည့်လာခဲ့သည်။ "မနေ့ညတုန်းကတော့ ကိုယ့်ကိုဝန်ခံနေပြီးတော့ ဒီနေ့လည်းကျရော အလုပ်သွားဖို့နှင်လွှတ်နေပြီပေါ့လေ? မင်း တကယ်ဘဲဘာလုပ်ချင်နေတာလဲ?"

"ဘယ်သူက ခင်ဗျားကို ဝန်ခံလို့လဲ? ဟမ်!" ဟန်းယန် သူ့နဖူးကို ကိုင်လိုက်သည်။ အဲ့တာအကြံပြုချက်လေးတစ်ခုဘဲလေ, မဟုတ်ဘူးလား?

"ငါးခြောက်ကလေး" ဟဲ့လျန်ချင်း သရော်လိုက်သည်။

"ဒါပေမယ့် အဲ့ဒီငါးခြောက်လေးကိုဘဲ ကြိုက်မိသွားတာမဟုတ်ဘူးလား?" ဟန်းယန် ခွန်းတုံ့ပြန်သည်။

"အိုး, အခုတော့ ပြန်တောင်ခံပြောနေပြီပေါ့လေ, ဟမ်?" ဟဲ့လျန်ချင်းက သူ့မေးကိုမော့လိုက်ပြီး မေးလိုက်သည်။ "ဒါဆို သမီးရည်းစားစုံတွဲတွေ ဘာလုပ်ကြလဲဆိုတာ မင်းသိလား?"

"သူတို့ဘာလုပ်ကြလဲ?" မရှက်မကြောက်၊ ရဲရဲတင်းတင်း၊ စိတ်ပါလက်ပါနဲ့မေးလိုက်သည်။

"ဒိတ်" ဟဲ့လျန်ချင်းပြော၏။ ပြီးတော့ ကောင်ငယ်လေးကိုဖက်ကာ တဖန်ပြန်လှဲလိုက်ရင်း "နည်းနည်းလေးထပ်အိပ်ရအောင်။ ဒီလောက်မနက်အစောကြီး အနှောင့်အယှက်ပေးနေရတာတုန်း?"

ဘာလို့ငါ့ကို ဒီလိုမျိုးခံစားနေစေရတာလည်း? ဒီလိုခံစားချက်မျိုးလေ.. 'တိုတောင်းလှသော နွေဦးညများကို၊ အလင်းတောက်ပ နေရောင်ခြည်က၊ ခါးသီးစွာဖြတ်တောက်လေတော့၊ အရှင်သူခင်ဗျာ... မနက်ခင်းညီလာခံတောင် မတက်ချင်တော့ပါဘိ'(၁) ဟန်းယန် သိချင်နေမိသည်။ ထို့နောက် အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး ခေါင်းအုံးလိုက်ပြီး ပြန်အိပ်လိုက်တော့သည်။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Où les histoires vivent. Découvrez maintenant