အခန်း - ၀၆

2.3K 337 3
                                    

သူတို့နှစ်ယာက်ထမင်းစားခန်းကိုဆင်းလာတဲ့အချိန်မှာတော့ ထမင်းစားပွဲဟာပြင်ဆင်လို့ပြီးနေခဲ့ပြီဖြစ်၏။ လောင်ယဲဇီကသူ့ခုံမှာထိုင်ပြီး ဘေးဘက်မှာတော့ ဟဲ့လျန်ချင်းရဲ့မိဘဖြစ်ဟန်တူသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးနဲ့ လှပကျော့ရှင်းတဲ့အမျိုးသမီးတစ်ဦးတို့ထိုင်နေကြသည်။

သိပ်ကိုသေချာတာပေါ့ ... မကြာခင်ဟဲ့လျန်ချင်းထံမှ သူတို့ကိုခေါ်သည့်အသံကိုကြားလိုက်ရ၏။ "မား, ပါး"

ဟန်းယန်က ဟဲ့လျန်ချင်းဘေးကနေအသာလေးလိုက်သွားခဲ့သည်။ လောင်ယဲဇီနဲ့တွေ့တုန်းကလိုမျိုးပဲ အနေခက်မှုတွေကသူ့စိတ်ထဲမှာပေါ်လာပြန်သည်။

"အိုး, မင်းဆင်းလာတယ် ... လာ ဒီမှာလာထိုင်" မော့စူးယဲ့က သူတို့ကိုလက်ယပ်ခေါ်လိုက်ပြီး သူမရဲ့အကြည့်တွေဟာဟန်းယန်အပေါ်မှာပဲ ကျရောက်နေသည်။ မုန်းနေတဲ့အကြည့်မျိုးမဟုတ်ပဲ သူမအပြုံးတွေဟာအတော်လေးကျေနပ်နေသကဲ့သို့ရှိ၏။ အဲ့တာကိုအာရုံမရှိတော့ပေမဲ့လည်း ဟန်းယန်အနည်းငယ်တော့ အနေခက်မှုကို
ခံစားရနေသေးသည်။ သူဘာအကြောင်းကြောင့်ပဲ ဒီကိုရောက်လာရောက်လာ သူ့ရဲ့တည်ရှိမှုကရယ်စရာဖြစ်နေလိမ့်မယ်လို့ သူခံစားနေရသည်။

ဟန်းယန်ဘေးမှာဟဲ့ချင်းရှိနေပြီး ထုံးတမ်းစဉ်လာအတိုင်း သူတို့အကြောင်းကို မိတ်ဆက်နေသည်။

ရှက်နေတဲ့ကောင်လေးကပြောလာခဲ့သည်။ "ဟဲလို အန်ကယ်, ဟဲလို အန်တီ .. ကျွန်တော်က ဟန်းယန်ပါ။"

"ထိုင်ပါ။" ဟဲ့လျန်ချန်းက ပြောလာခဲ့သည်။

"လာလာ .. မြန်မြန်လာထိုင်, အဲ့မှာအကြာကြီးရပ်မနေနဲ့" မော့စူးယဲ့က အပြုံးနှင့်အတူပြောလာခဲ့သည်။

ဟဲ့လျန်ချင်းနဲ့ဟန်းယန်နှစ်ယောက်လုံးထိုင်ပြီးနောက် မော့စူးယဲ့ကဆိုလာသည်။ "ဟန်းယန် ... အရမ်းကြီးစိတ်မရှုပ်နဲ့နော်။ မင်းက အားချင်းနဲ့လက်ထပ်ပြီးပြီဆိုမှတော့ အမေတို့ကိုလည်းကိုယ့်မိသားစုဝင်လို့ပဲသဘောထား .. ဟုတ်ပြီလား" သူမကဒီလိုပြောနေပေမဲ့လည်း ဟန်းယန်ကတော့အဲ့လိုမလုပ်ရဲပေ။ သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ပြုံးထားခြင်းပင်။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Where stories live. Discover now