အခန်း - ၁၂

2.2K 285 7
                                    

(Civil ဌာနက မင်္ဂလာဆောင်မှတ်ပုံတင်တဲ့ရုံးကိုပြောတာပါ။ ကိုယ်ဘယ်လိုပြန်ရမလဲမသိလို့ civil ဌာနလို့ပဲရေးလိုက်တာပါ။ ဖတ်ရထောက်နေရင်ကိုယ့်ကိုလာပြောပါနော်)

တနင်္လာနေ့မနက်စောစောတောက်ပသည့်နေ့ရက်လေးမှာတော့ ဟန်းယန်အတန်းတက်ရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး နေ့လည်အတွက် Civil ဌာနကိုချိန်းဆိုမှုပြုလုပ်ခဲ့သည်။ မနက်စာစားပြီးတော့ ဟဲ့လျန်ချင်းက ဟန်းယန်ကိုကျောင်းလိုက်ပို့ပေးခဲ့သည်။ ကျောင်းရောက်သွားချိန်မှာတော့ ကောင်ငယ်လေးကိုသတိပေးလိုက်သည်။ "အအေးစာတွေ ၊ အစပ်တွေမစားဖို့သတိထားဦး"

"ကျွန်တော်အဲ့လောက်ထိမဆိုးသေးပါဘူး" ဟန်းယန်ပြောလိုက်သည်။ ပြီးခဲ့တဲ့သောကြာနေ့ကဖြစ်ရပ် သာမာန်လောက်သာဖြစ်ပြီး သိပ်အရေးမကြီးဟုတွေးမိသောကြောင့်ဖြစ်သည်။

"တကယ်လား? ဒါဆိုနာလွန်းလို့အိပ်ရာပေါ်မှာလူးလိမ့်နေခဲ့တာဘယ်သူတုန်း? ပြီးတော့ ငါ့ကိုအိပ်မရအောင်လုပ်တာနဲ့ ပြီးသွားရောလား?" ဟဲ့လျန်ချင်းဆန့်ကျင်ပြီးပြော၏။

"...." ဘယ်သူကအိပ်မရအောင်လုပ်လို့လဲ, ဟမ်!

ဟန်းယန် သူ့နှဖူးကိုလက်နှင့်လွှဲကိုင်လိုက်ပြီး ဝန်ခံလိုက်သည်။ "နားလည်ပါပြီ။ အလုပ်သာသွားတော့, ဟုတ်ပြီလား?"

"အင်း...နေ့လည်ကျရင်စောင့်နေဦး။ နေ့လည်စာအတူတူစားရအောင်လို့" ဟဲ့လျန်ချင်းပြောပြီးပြီးချင်းဘဲ ကားမောင်းထွက်သွားတော့သည်။

ထွက်သွားတာဟန်းယန်မြင်တော့ ခြေလှမ်းကာကျောင်းဘက်သို့ဦးတည်သွားတော့သည်။

အတန်းသို့သွားသည့်လမ်းတွင် သောကြာနေ့ညနေကအတူတူစားခဲ့သည့်သူ့ညီအကိုတွေနှင့်တွေ့ခဲ့သည်။ သူတို့အဝေးကြီးတွင်စကားပြောနေပြီး သိပ်မကြာခင်မှာပင် ထိုနေ့ကဖြစ်ခဲ့တဲ့ပြဿနာအကြောင်း- အစာအိမ်အူရောင်ရမ်းတာကို သူတို့နှစ်ယောက်ဆွေးနွေးနေခဲ့ကြသည်။ ပြီးနောက် သူတို့စားခဲ့သည့်အစားအစာက မလတ်ဆတ်ကြောင်းစေစေချာချာလေးဆွေးနွေးနေကြသည်။

ဒါနဲ့ပတ်သက်ပြီး ဟန်းယန်က ရှဲ့ကျန်းရဲ့အခြေအနေဘယ်လိုနေလဲဟုမေးလိုက်သည်။ သူ့သူငယ်ချင်းတွေအကုန်အဆင်ပြေတာကိုသိလိုက်ရတော့ ဟန်းယန်စိတ်သက်သာရာရသွား‌ေတော့သည်။ ထို့နောက် သူ့နေ့လည်စာအတွက်သူသေချာပေါက်ဂရုစိုက်ရမယ်လို့တွေးလိုက်သည်။

လက်ထပ်စာချုပ် || ဘာသာပြန် ✅Donde viven las historias. Descúbrelo ahora