Chapter (17)
Act 3 : Rachmaninoff (4)
စူပါးစတားတစ်ဦးအနေနဲ့ မွေးဖွားလာတာဇာတ်ကောင်နေရာနှစ်ခုစလုံးကို သူကိုယ်တိုင်သီဆိုလိုသော ရှန်းချိုက်၏စိတ်ကူးကို အတန်းပိုင်တီချယ်က ချက်ချင်းဆန့်ကျင်ခဲ့၏။
ချူပင်းက " မင်းပါတနာတစ်ယောက်လောက် မတွေ့ဘူးလား?? မဟုတ်ရင်လည်း ဆရာမတစ်ယောက်အနေနဲ့ ငါမင်းကို ကူညီပေးလို့ရတယ် "
ဤအသက်အရွယ် အထက်တန်းကျောင်းသားအချို့တွင် “ အုပ်စုအသေးစား ” အပြုအမူ အနည်းငယ်ရှိမည်ကို ချူပင်းသိလေသည်။ ထို့ကြောင့် အတန်းတက်တာလည်း အခြားသူများထက်နောက်ကျကာ တစ်ယောက်တည်းရှိနေလျှင်တောင် အခြားသူများကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်သော ရှန်းချိုက်ကို သူ့အတန်းဖော်များက လက်မခံနိုင်ကြသေးပေ။
နောက်ဆုံးစာမေးပွဲသည် ကလေးကစားစရာမဟုတ်ဘဲ ဘွဲ့ယူခွင့်အတွက် ရလဒ်များဖြစ်၏။ Rachmaninoff သည် တစ်ကိုယ်တော်ရှိုးပွဲမဟုတ်ဘဲ သီချင်း ၁၉ ပုဒ်တွင် နှစ်ယောက်တွဲဆိုရသည်များ များစွာပါ၀င်ကာ ပြဇာတ်ထဲတွင် ဇာတ်ကောင်နေရာများစွာရှိပြီး လူတစ်ဦးတည်း ဖျော်ဖြေရန်မှာ လုံးဝမဖြစ်နိုင်ပေ။
"ကျေးဇူးတင်ပါတယ်၊ တကယ်တော့ ကျွန်တော့်ကို သူတို့အုပ်စုဆီကိုလာဖို့ ဖိတ်ခေါ်တဲ့ တစ်ချို့ကျောင်းသားတွေလည်း ရှိပါတယ်၊ ဒါပေမယ့် အဲ့ဒါမျိုး မလိုအပ်ဘူးလို့ ထင်မိတယ်" ရှန်းချိုက် တိတ်ဆိတ်စွာ ပြန်ဖြေလိုက်သည်။ " တီချယ်ချူး. . . ကျောင်းမှာ ကျောင်းသားတစ်ယောက်က အခန်းကဏ္ဍနှစ်ခုလုံးကို မဖျော်ဖြေရဘူးဆိုတဲ့ စည်းကမ်းရှိလို့လား "
"မရှိဘူး၊ ဒါပေမယ့် ... "
" တေးဂီတအတန်းမှာ တီချယ်ကျွန်တော်တို့ကို မတူညီတဲ့သရုပ်ဆောင်တွေပါတဲ့ တရားဝင်ဗွီဒီယိုနှစ်ခု ပြခဲ့တယ်၊ ပြဇာတ်နှစ်ခုစလုံးမှာ Rach ကအရင်သရုပ်ဆောင်ပြီးတော့မှ Dr. Dahl က သရုပ်ဆောင်ရတာ "
ချူပင်းက အကူအညီမဲ့စွာ ပြန်ပြောလိုက်သည်။ " အဲ့ဒီ့အချိန်တုန်းက မင်းမှာ ဒီလိုစိတ်ကူး ရှိနေခဲ့တာလား?? ဒါက မတူဘူးလေ၊ ဒီသရုပ်ဆောင်က နာမည်ကြီးနေတာကြာလှပြီ. . . စင်ပေါ်မှာလည်း အတွေ့အကြုံတွေ အများကြီးရှိပြီး တစ်ချိန်တည်းမှာပဲ နှစ်ယောက်နေရာသရုပ်ဆောင်တာမျိုး မဟုတ်ဘူး၊ Rach ကို အဓိကအခန်းကဏ္ဍအနေနဲ့ယူထားပြီး Dahl က သူ့ရဲ့ ဒုတိယမြောက် အခန်းကဏ္ဍပဲ "
![](https://img.wattpad.com/cover/284740993-288-k299699.jpg)
ВЫ ЧИТАЕТЕ
Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)
Любовные романыCāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01 Start Date - 11 September 2021 End Date - 12 November 2022 This is Myanmar Translation of Chinese Novel " Cāi Cāi ". This is just fan trans...