Chapter (76)

1.1K 210 19
                                    

Chapter (76)
Act 10 : Singing In The Rain (1)
သူတို့ တကယ်နမ်းလိုက်ကြတယ်

ရှန်းချိုက်သည် ဟွာချောင်း၌ ဖျော်ဖြေပွဲငါးခု ဆက်တိုက်ဖျော်ဖြေခဲ့ပြီး ထန်ယီမင်ကလည်း အမြဲတမ်းလိုလို ရှေ့ဆုံးတန်းတွင်ထိုင်အားပေးခဲ့သည်။ သူကိုယ်တိုင်ကြည့်ရုံတင်မကဘဲ ရှန်းချိုက်၏ဖျော်ဖြေပွဲဆီသို့ အသင်းအဖွဲ့ဟူသောအမည်ဖြင့် သူ့ကုမ္ပဏီတစ်ခုလုံးမှလူများကိုပါ  ပြဇာတ်ကြည့်ရှုရန် ခေါ်လာခဲ့သေးသည်။

အဝင်လက်မှတ်စစ်တဲ့ ဝန်ထမ်းကတောင် သူ့ကိုသတိထားမိနေပြီဖြစ်ပြီး သူရောက်လာတိုင်း "ကြည့်... ရှန်းချိုက်ရဲ့ အမာခံပရိသတ်ကြီး ရောက်လာပြန်ပြီ" ဟု တိုးတိုးပြောလေ့ရှိသည်။

ဤရိုမန့်တစ်ပြဇာတ်လေးသည် အသက်အရွယ်တိုင်းအတွက်သင့်လျော်သည့်အတွက် ကုမ္ပဏီရှိ အမျိုးသမီးငယ်လေးများတောင် ပြဇာတ်ကြည့်ရခြင်းကို နှစ်သက်ကြသည်။

ယဲ့ယဲ့နှင့်ကုလျန်တို့က ကုမ္ပဏီဘော့စ်စီစဥ်ပေးသော သက်သာချောင်ချိရေးကို ပထမအကြိမ်လာရောက်စစ်ဆေးပြီးနောက်တွင် ဒုတိယအကြိမ်တွင်တော့ သူတို့သားလေးကိုပါ ခေါ်ဆောင်လာကြလေသည်။ ဖန်ဖန်းလေးသည် စင်ပေါ်တွင်ဖျော်ဖြေနေသူမှာ ရှန်းချိုက်ကောကောမှန်း သိသွားခဲ့ပြီး ရှိုးကြည့်နေစဥ်အတောအတွင်း အလွန်လေးနက်နေကာ သူ့ပါးပြင်လေးကို လက်နှစ်ဖက်ဖြင့်ထောက်ထားရင်း စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။ ထိုကဲ့သို့သော လူကြီးပေါက်စလေးမှာ အင်မတန်ချစ်စရာကောင်းလှ၏။

ဤဖျော်ဖြေပွဲသည် ဟွာချောင်းရှိ ရှန်းချိုက်၏ နောက်ဆုံးဖျော်ဖြေမှုဖြစ်သည်။ မနက်ဖြန်တွင်တော့ နောက်တစ်ကြိမ် ခရီးစဉ်စတင်ရန်  အနောက်တောင်ဘက်နယ်လှည့်အဖွဲ့ဆီသို့ ပြန်လည်ပျံသန်းရမည်ဖြစ်သည်။

ရှန်းချိုက်သည် ဤနေရာရှိ ဖျော်ဖြေပွဲငါးခုဆက်တိုက်အပြီးတွင် ဟွာချောင်းရှိပရိသတ်အားလုံးကို သူ၏ ထူးချွန်ထက်မြက်သော  သရုပ်ဆောင်မှုစွမ်းရည်၊ နုပျိုသွက်လက်သောပုံစံတို့ဖြင့် ဆွဲဆောင်နိုင်ခဲ့သည်။ ကန့်လန့်ကာအချတွင် လက်ခုပ်သံများမှာ အချိန်အတော်ကြာသည်အထိ တသောသောညံနေခဲ့ပြီး SD အပြင်ဘက်တွင်တောင် ပရိသတ်အများအပြား စောင့်နေကြသေးသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Donde viven las historias. Descúbrelo ahora