Chapter (57)
Act 8: The Cat Who Wants to Become Human (1)
ရှန်းချိုက်နှင့် စန်မန်ချွမ်၏သူငယ်ချင်းများ တွေ့ဆုံမှုဘွဲ့ယူခါနီးမှသာ ရှန်းချိုက်လည်း ရုတ်တရက် စိတ်အေးလက်အေးဖြစ်သွား၏။
သူတို့အားလုံးသည် ဘွဲ့လွန်ဒရာမာကို အစမ်းလေ့ကျင့်ခဲ့ကြပြီးဖြစ်ကာ လူတိုင်းလိုလိုသည်လည်း ကျေနပ်လောက်သောရမှတ်များကို ရရှိခဲ့၏။ သူသည်လည်း ဘွဲ့ယူစာတမ်းကို စောစီးစွာပြီးစီးခဲ့ပြီး ရက်အနည်းငယ်စောင့်နေခဲ့ခြင်းဖြစ်သည်။
ကျောင်းတွင် တေးဂီတပြဇာတ်မေဂျာကို လူ ၂၀ ကသာ အဓိကယူထားကြခြင်းဖြစ်သည်။ ဘွဲ့မေးခွန်းလွှာကိုဖြေဆိုရာတွင် တစ်ချို့က မူလတန်းကျောင်းတွင် ဂီတဆရာအဖြစ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး တစ်ချို့ကတော့ နိုင်ငံခြားတွင်ပညာဆက်လက်သင်ကြားရန် ဆုံးဖြတ်ခဲ့ကြကာ တစ်ချို့မှာတော့ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ရန် ပွဲစားကုမ္ပဏီတစ်ခုနှင့် လက်မှတ်ရေးထိုးခဲ့ကြပြီး တစ်ချို့သည်လည်း အနာဂတ်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်သာ အလုပ်လုပ်ကြမည်ဟု ၀န်ခံခဲ့ကြသည်။ ဤသို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအထွေထွေအကြား ... ရှန်းချိုက်ကဲ့သို့ တေးဂီတပြဇာတ်အသိုင်းအဝိုင်းတွင်သာဆက်နေရန် ဆုံးဖြတ်ထားသူမှာ ငါးယောက် ခြောက်ယောက်လောက်သာရှိ၏။
နှစ်အနည်းငယ်အတွင်း ထိုလူ ငါးဦး သို့မဟုတ် ခြောက်ဦးသည်လည်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းကိုပြောင်းလဲကာ ပိုမိုအလားအလာကောင်းသော အမြတ်အစွန်းရရှိမည့်လုပ်ငန်းများကို ပြောင်းရွေ့လုပ်ကိုင်သွားကြမည်လားကိုတော့ ဘယ်သူမှမသိနိုင်ပေ။
"ဒါပေမယ့် ငါတို့အတန်းခေါင်းဆောင်ကတော့ နောက်ဆယ်နှစ်၊ ဒါမှမဟုတ် နှစ်နှစ်ဆယ်လောက်အထိ တေးဂီတပြဇာတ်သရုပ်ဆောင်အနေနဲ့ပဲ ဆက်ရှိနေဦးမယ်လို့ ငါယုံကြည်နေတယ်" မိန်းကလေးတစ်ယောက်က တပ်အပ်ပြောကြားလာ၏။ "သူများတွေအားလုံး အသက်မွေးဝမ်းကြောင်းလုပ်ငန်းပြောင်းသွားကြရင်တောင် သူကတော့ ပြောင်းမှာမဟုတ်ဘူး!!"
အခြားသူတစ်ဦးကလည်း "ဟုတ်တယ်၊ ငါတို့က နှစ် ၅၀ အတွင်းမှာ ရှန်းကောရဲ့ရှေ့ကို ခဏလေးပေါ်လာရတဲ့ စာအုပ်ထဲကဇာတ်ကောင်တွေပဲနေမယ်!! စာအုပ်တစ်အုပ်ထဲမှာ ရှန်းကောရဲ့ဘဝအကြောင်းကို ဘယ်လိုဖော်ပြရမလဲဆိုတော့ -"တေးဂီတပြဇာတ်ဆရာ မစ္စတာရှန်းချိုက်၊ တေးဂီတပြဇာတ်မြှင့်တင်ရေးတွင် သူ့ဘဝကိုရည်စူးထားပြီး စင်မြင့်ပေါ်၌ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ကာ မရေမတွက်နိုင်လောက်သည့် ပြောင်မြောက်သောလက်ရာများစွာကို ပံ့ပိုးပေးခဲ့၏... အနားယူပြီးနောက်တွင်လည်း သူသည် နောက်ကွယ်မှထုတ်လုပ်သူဖြစ်လာကာ နိုင်ငံအတွက် ထူးချွန်သောတေးဂီတပြဇာတ်သရုပ်ဆောင်များစွာကို လေ့ကျင့်သင်ကြားပေးခဲ့သည် ..' ပေါ့၊ ဒီလိုပဲဖော်ပြရလိမ့်မယ်"

ВЫ ЧИТАЕТЕ
Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)
Любовные романыCāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01 Start Date - 11 September 2021 End Date - 12 November 2022 This is Myanmar Translation of Chinese Novel " Cāi Cāi ". This is just fan trans...