Chapter (54)

1K 207 9
                                    

Chapter (54)

Act 7 : Fan Letter (6)
ဆယ့်ခုနစ်နှစ်အရွယ်ရဲ့ One-pick

ထန်ယီမင်တောင် သူ့အတွေးများကို မဖြေရှင်းနိုင်မီတွင် သူတို့၏ဧည့်သည်အခန်းတံခါးကို တစ်ယောက်ယောက်က နောက်တစ်ကြိမ်ထပ်မံခေါက်လာပြန်သည်။

ဒီတစ်ခါတွင်တော့ အနုပညာဒါရိုက်တာက  ဧည့်သည်အားလုံးကိုစုစည်းထားရန် အကြောင်းကြားခြင်းဖြစ်သည်။ ပရိုဂရမ်အဖွဲ့သည် လူအားလုံးနှင့် ဇာတ်ညွှန်းများအားလုံးကို  ကြိုတင်စစ်ဆေးရမည်ဖြစ်လေသည်။

ရသစုံရှိုးအားလုံးတွင် ဇာတ်ညွှန်းများပါရှိသော်လည်း ပုံစံကွဲပြား၏။ ဤကဲ့သို့ အပြိုင်အဆိုင်သဘောသဘာဝဖြင့် ယှဥ်ပြိုင်ရသော ရသစုံရှိုးပွဲများသို့ ထန်ယီမင်အနေဖြင့် ပထမဆုံးအကြိမ် လာဖူးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဤအစီအစဥ်များ၏ရည်ရွယ်ချက်မှာ  အမျိုးမျိုးသောအတွေးအမြင်များကိုစွန့်ပစ်ပြီး “အတန်းထဲတွင် နားထောင်ပါ” ဟု နှလုံးသွင်းထားပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်ရမည်ဖြစ်သည်။

ယခုအကြိမ်တွင် ဧည့်သည်ဆယ်ဦးရှိပြီး ၎င်းတို့ထဲမှငါးဦးသည် ပရိုဂရမ်အဖွဲ့မှဖိတ်ကြားထားသော နာမည်ကြီးကြယ်ပွင့်အဖွဲ့တွင် ပါဝင်ကြပြီး ကျန်ငါးဦးမှာတော့ ထန်ယီမင်ဦးဆောင်လာသည့် ပရော်ဖက်ရှင်နယ်အသံသရုပ်ဆောင်အသင်းသာဖြစ်သည်။

အသင်းနှစ်သင်းက တစ်ဖွဲ့ပြီးတစ်ဖွဲ့ယှဉ်ပြိုင်ကြရပြီး ပရိသတ်များက မဲပေးရွေးချယ်ကြမည်ဖြစ်သည်။ ငါးပွဲကစားပြီး သုံးပွဲအနိုင်ရပါက အနိုင်ရသူဟု သတ်မှတ်ပေးမည်ဖြစ်သည်။

စာချုပ်မချုပ်ဆိုမီကတည်းက ယဲ့ယဲ့သည် ပရိုဂရမ်အဖွဲ့နှင့် ကြိုတင်တွေ့ဆုံထားရလေသည်။  ကျော်ကြားသောကြယ်ပွင့်များ၏ မျက်နှာတန်ဖိုးမှာ ကောင်းကင်ထက်တောင် ပိုမိုကြီးမားနေသောကြောင့် ဂိမ်းရလဒ်သည် မည်သို့ပင်ဖြစ်စေ ပရော်ဖက်ရှင်နယ်အသင်းထက်  ကျော်ကိုကျော်ရမည်ဟု ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။

အကယ်၍ ထန်ယီမင်သာ လွန်ခဲ့သောနှစ်အနည်းငယ်က ဤကဲ့သို့လိမ်လည်မှုမျိုးနှင့်  ကြုံဆုံခဲ့မည်ဆိုပါလျှင် ထိုကဲ့သို့သော ဖုန်မှုန့်အကြီးကြီးတစ်စကို သူ့မျက်လုံးထဲသို့ လုံးဝအဝင်ခံမည်မဟုတ်ပေ။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Onde histórias criam vida. Descubra agora