Chapter (20)
Act 4 : Billy Elliot (1)
ရှန်းချိုက်ကတော့ အခြားဖော်ပြချက်တစ်ခုကို ပိုမိုနှစ်သက်သည် - ဘဲလေးဖိနပ်တွေနဲ့ ကောင်လေး. . . .ဘဲအထီးကောင်၏အမည်သည် ချန်ဇီရန်ဖြစ်ပြီး သူတို့အတန်းထဲတွင် အသက်အကြီးဆုံးဖြစ်သည်။ ဆိုလိုသည်မှာ သူသည် အသက် ၁၀ နှစ်အရွယ်တွင် ဟွားဝူအနုပညာအကယ်ဒမီကိုဝင်ခဲ့ပြီး စာမေးပွဲကို သုံးနှစ်ဆက်တိုက် ဖြေဆိုခဲ့ရသည်။ သူ့အသက်မှာ ဝင်ခွင့်ကန့်သတ်ချက်ကိုရောက်သည့်အချိန်မှသာ အောင်မြင်သွားပြီး တေးဂီတပြဇာတ်ရုံဌာန၏တံခါးသို့ ၀င်နိုင်ခဲ့ခြင်းပင်။
သူ့အဆင့်တွေက အရမ်းကြီးပြောင်မြောက်နေခြင်းမဟုတ်သော်လည်း သူ့တွင် သွက်လက်သောစရိုက်ရှိ၏။ သူသည် အားကစားအဖွဲ့ ကော်မတီဝင်တစ်ဦးဖြစ်ကာ အသံအလွန်ကောင်းပြီး ခုန်ပေါက်သည့်နေရာတွင်လည်း ထိပ်တန်းဖြစ်သည်။ ရှန်းချိုက် သူမတို့အတန်းသို့ မပြောင်းရွှေ့မီက ချီကျိနှင့်ချန်ဇီရန်တို့သည် စားပွဲတစ်ခုတည်းတွင် ထိုင်ခဲ့ကြပြီး ထိုသူကလည်း သူမကို အနှောက်အယှက်မပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အတန်းပိုင်တီချယ်က လူသိရှင်ကြား အရှက်ရစေပြီးနောက်တွင် ချန်ဇီရန်သည်လည်း မျက်နှာပျက်သွားရပြီး စာသင်ခန်းထောင့်၌ ခြေထောက်ကား၍ အပြစ်ပေးခံရပြီးချိန်မှစကာ သူသည် ရှန်းချိုက်ကို ပြဿနာမရှာတော့ပေ။
ရှန်းချိုက်ကတော့ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးသည် 'ညှိနှိုင်း၍မရသောအရာ' ဟု ထင်မြင်ခဲ့သည်။ သို့သော် ချန်ဇီရန်တကယ်ကြီးရောက်လာပြီး သူ့ကို အကူအညီတောင်းလိမ့်မည်ဟုတော့ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
ချန်ဇီရန်က မျက်နှာနီမြန်းနေပြီး သူ့ပါးပေါ်ရှိ ၀က်ခြံနှစ်ခုကလည်း တောက်ပစွာ ထွန်းလင်းနေခဲ့သည်။ " အဲ့ဒါ. . . ငါက Tap Dance ကိုပဲ ပိုင်နိုင်တာ၊ ဘဲလေးကကျတော့ အဲ့ဒါနဲ့အရမ်းကွာခြားတယ်လေ . . . ဒါကြောင့်မင်းငါ့ကို သင်ပေးလို့ရလား "
Tap dance သည် Ballroom အက၏ အကခွဲတစ်ခုဖြစ်ကာ အရိုင်းဆန်ပြီး လွတ်လပ်၏။ ဘဲလေးအကမှာ ပေါ့ပါးမှုနှင့် တည်ငြိမ်မှုကို ပိုမိုအလေးပေးနေစဉ် Ballroom အကသည်တော့ ကြွက်သားကြံ့ခိုင်မှုကို လိုအပ်လေသည်။
![](https://img.wattpad.com/cover/284740993-288-k299699.jpg)
ESTÁS LEYENDO
Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)
RomanceCāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01 Start Date - 11 September 2021 End Date - 12 November 2022 This is Myanmar Translation of Chinese Novel " Cāi Cāi ". This is just fan trans...