Chapter (3)

3K 382 4
                                    

Chapter (3)

Act 1 : The Sound of Music
ဒီဇာတ်လမ်းလေးက လွန်ခဲ့တဲ့ငါးနှစ်က စတင်ခဲ့တယ်

" ကျောင်းသားရှန်းချိုက်. . . မင်းရဲ့အပြောင်းအရွှေ့လျှောက်လွှာကို အတည်ပြုပြီးပြီ " ချူပင်းသည် စားပွဲခုံပတ်ပတ်လည်ကို လမ်းလျှောက်သွားလိုက်သည်။ သူမသည် ကောင်လေး၏ပခုံးကို ပုတ်ပေးချင်သော်လည်း ကောင်လေး၏လက်မောင်းကိုသာ အကြည့်လွှဲလိုက်သည်။ " ဒါကြောင့် ဟွားဝူအဆိုသင်တန်းကျောင်းရဲ့ကိုယ်စား ငါကမင်းကို ကြိုဆိုပါတယ် "

" ကျေးဇူးတင်ပါတယ်" ရှန်းချိုက်၏မျက်လုံးများသည် ကွေးညွှတ်နေကာ ကောင်းမွန်သောအပြုံးလေးကို ပြသနေစဉ် မျက်တောင်ဖျားလေးများမှာ အနည်းငယ်တုန်သွားသည်။ " တီချယ်ချူ. . . နောက် ၂ နှစ်အတွက် ကျွန်တော့်ကို ဂရုစိုက်ပေးပါ "

" အင်း ဟုတ်ပြီ " ချူပင်းသည် အတန်းပိုင်ဆရာမဖြစ်သော်လည်း လက်တွေ့တွင်တော့ သူမသည် သူမ၏ကျောင်းသားများထက် နှစ်အနည်းငယ်သာ အသက်ကြီးလေသည်။ သူမရှေ့ရှိ ဆယ့်ခုနစ်နှစ်အရွယ်ကောင်လေးကိုကြည့်ပြီး ပြောစရာတွေအများကြီးရှိသော်လည်း နောက်ဆုံးတွင်တော့ သူမမျက်မှန်ကိုသာ ပင့်တင်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်၏။ "ငါတို့မေဂျာအကြောင်းကို မင်းသိပြီလား?"

ရှန်းချိုက်က " အမှန်တိုင်းပြောရရင် ကျွန်တော်မသိသေးဘူး " လို့သာ ပြန်ဖြေခဲ့သည်။

"မင်းအဲ့ဒီအကြောင်း စာအုပ်တွေဖတ်ဖူးလား?? "

" မဖတ်ဖူးဘူး "

" အိုး..." ချူပင်းသည် အနည်းငယ်အကူအညီမဲ့သွားသလို ခံစားလိုက်ရသော်လည်း သူမက စိတ်ကောင်းအမြဲရှိသည်။ ထို့ကြောင့် နူးညံ့သိမ်မွေ့စွာပင် ရှင်းပြခဲ့၏။ " အဓိကအားဖြင့်တော့ ဖျော်ဖြေတင်ဆက်သူကို လေ့ကျင့်ပေးဖို့ပဲ. . . ဒါပေမယ့် သီချင်းဆိုတာ၊ သရုပ်ဆောင်တာနဲ့ ကခုန်တာ သုံးခုစလုံးက အရေးကြီးတယ် "

သူမစကားပြောနေစဉ် ရှန်းချိုက်သည် သူမစကားများအား ​တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

ချူပင်းသည် စိတ်ထဲတွင် သက်ပြင်းချမိလိုက်၏။

လူငယ်လေးရဲ့ ခန္ဓာကိုယ်က ဒီအရွယ်မှာ ရင့်ကျက်နေပြီဖြစ်သည်။ ကောင်လေးသည် ငယ်စဉ်ကတည်းက သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းတို့ကို ပြုလုပ်ထားခဲ့ပြီး သူ့ခန္ဓာကိုယ်အချိုးအစားမှာ အလွန်ကောင်းမွန်ခဲ့သည်။ သူသည် ဘဲလေးစာမေးပွဲတွင် ပထမအဆင့်ရခဲ့ပြီးနောက် ဟွားဝူကျောင်းသို့ ၀င်ခွင့်ရခဲ့ပြီး ထိုအချိန်က သူ့ခြေထောက်များသည် သူ့ခန္ဓာကိုယ်ထက် ၁၈ စင်တီမီတာ ပိုရှည်နေပြီဖြစ်သည်။ သူသည် ကခုန်ခြင်းအတွက် မွေးဖွားလာခဲ့ခြင်းဖြစ်ကာ ကြိုးစားပမ်းစားလည်း အလုပ်ကြိုးစားခဲ့၏။ သို့သော် မတော်တဆမှုတစ်ခုဖြစ်ပြီးနောက် ဘဲလေးဌာန ဌာနမှူးသည် ကျောင်းလွှဲပြောင်းမှုနှင့်ပတ်သတ်သော ကိစ္စများကိုဖြေရှင်းပေးရန် သူ့ထံသို့ အကြိမ်ကြိမ်သွားခဲ့ရသည်။

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Tempat cerita menjadi hidup. Temukan sekarang