Chapter (1)
မိတ်ဆက် : Kinky Boots
အရပ်အမြင့်က ၁၇၈ စင်တီမီတာပေမယ့် သူ့ခြေထောက်တွေက ၁၈၅ စင်တီမီတာတောင်နော်ယခုနှစ်နွေရာသီအားလပ်ရက်၌ စိတ်ကူးယဉ်လက်ရာသစ်တစ်ခုကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြန့်ချီမည်ဖြစ်ရာ လွန်ခဲ့သော နှစ်လခန့်မှစ၍ ရုပ်ရှင်ဒါရိုက်တာများသည် တရုတ်အသံသွင်းအဖွဲ့ကို ရှာခဲ့ကြပြီး ထန်ယီမင်သည် သူ၏ " ယီမင်အံ့ဖွယ်စတူဒီယို " ကို အသံအစမ်းစစ်ဆေးမှုတွင် ဦးဆောင်ခဲ့သည်။ စစ်ဆေးမှုများအကြိမ်ကြိမ်ပြုလုပ်ပြီး နောက်ဆုံးတွင်တော့ သူ့အဖွဲ့သည် ဇာတ်ကောင်နေရာအားလုံးကို အနိုင်ရခဲ့သည်။
ဤကဲ့သို့ S+ အမျိုးအစား ဂန္တဝင်မြောက်လက်ရာများအတွက် တရုတ်-အင်္ဂလိပ် စာတမ်းများသည် နောက်ဆက်တွဲအကြောင်းရင်းများစွာနှင့် စာမျက်နှာ ၃၀ ကျော် ပါရှိသည်။
စာချုပ်ကိုလက်မှတ်ထိုးသည့်အချိန်၌ ထန်ယီမင်နှင့် သူ့ပတ်ဝန်းကျင်မှ လက်ထောက်များသည် 'Men in Black' ထဲကကဲ့သို့ ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် မှတ်ဥာဏ်ဖျက်နိုင်သည့်ဖောင်တိန်ကို တီထွင်သွားချင်ကြသည်။ သို့မှသာ စာချုပ်ပါအချက်အလက်များ အပြင်သို့ ပေါက်ကြားသွားခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။
ထို့နောက်အသက် ၂၀ သာရှိသေးသော လက်ထောက်လူငယ်လေးက “ Men in Black” က ဘာလဲဟု မေးလာသည်။
“ …” ထန်ယီမင် ဆွံ့အသွား၏။ “ မျိုးဆက်ကွာဟချက်က ဘယ်လောက်တောင်လဲကွာ…”
ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကို မနှောင့်နှေးစေရန် ရုပ်ရှင်အသံသွင်းမှုသည် သုံးရက်သာကြာလိမ့်မည်ဖြစ်သည်။
ရုပ်ရှင်ဖြန့်ချိရေးအဖွဲ့သည် အထူးသတိ ရှိ၍ မြင်ကွင်းများအားလုံးကို အနက်ရောင်ခြယ်သခဲ့ကာ သရုပ်ဆောင်များ၏ပါးစပ်ကိုသာ မြင်နိုင်သော ကွက်လပ်တစ်ခုစာသာ ချန်ပေးခဲ့သည်။
ဖန်သားပြင်ပေါ်မှ သရုပ်ဆောင်များ ပါးစပ်ဖွင့်လိုက်စဥ်တွင် ဖန်သားပြင်အပြင်ဘက်ရှိ အသံသရုပ်ဆောင်များသည် သူတို့၏ပါးစပ်များကို တစ်ပြိုင်နက်တည်း ဖွင့်ပေးကြရသည်။ ထို့အပြင် မြေကွက်များ၊ မြင်ကွင်းများ၊ အသုံးအနှုန်းများ၊ အသုံးအဆောင်များအားလုံး စသည် စသည်ဖြင့်...

ESTÁS LEYENDO
Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)
RomanceCāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01 Start Date - 11 September 2021 End Date - 12 November 2022 This is Myanmar Translation of Chinese Novel " Cāi Cāi ". This is just fan trans...