အပိုင္း(၁)🐞

3.5K 205 8
                                    

Uni🍂

ဒီမနက်မှ ကောင်းကင်ပြင်က အနှောင့်အယှက်ပေးနေသည်။
ပြိုတော့မယောင် အသွင်ဆောင်ကာ မဲမှောင်သောတိမ်စိုင်တို့
တလိပ်လိပ်ထိုးစစ် ဆင်လာချေပြီ။ နေ့အလင်းရောင်ပျောက်ကွယ်ကာ မြို့ပြလမ်းကြားပင် ဖြစ်လင့်ကစား မိုးအရိပ်အခြေကြောင့် လမ်းမထက်တွင် တိတ်ဆိတ်နေသည်။ ထိုလမ်းမထက်တွင် ပိုက်ဆံအနည်းငယ်ကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ကောင်လေးတစ်ယောက်ရှိသည်။မိုးရွာလာသောကြောင့် တစ်ကိုယ်လုံး စိုရွှဲကာခိုက်ခိုက်တုန်နေသော်လည်း မိုးရွာထဲ ရှေ့ဆက်လျှောက်နေသည်။ ချောမောခြင်းဂုဏ်ဆောင် နှုတ်ခမ်းဖူးဖူးလေးကလည်း ပြာနှမ်းနေပြီဖြစ်သည်။ ဒီကောင်လေးရဲ့နာမည်က ကင်ဆော့ဂျင်။

ညက မေမေကိုယ်တွေခြစ်ခြစ်တောက်ပူကာ ဖျားလာသည်။
ထို့အတွက် သူဆေးဝယ်ရန်လိုအပ်သည်။မိုးရွာတော့မည်မှန်း
သိသော်လည်းမတတ်နိုင်ပါပေ။ လူချမ်းသာတွေနေထိုင်သော
ခြံဝန်းတွေကြားက လမ်းတစ်ခုအရောက်တွင်...........

"ဟေ့ကောင်လေး ခဏရပ်"
ရှေ.တည့်တည့်ကလျှောက်လာနေသော လူတစ်ယောက်ထံမှ ကြားလိုက်ရသည်။ယိုင်နဲ.နဲ.ဖြစ်နေပုံထောက်ရင် သူဟာ
အရက်သမားတစ်ယောက်ပင်ဖြစ်ရမည်။

"ဘာဖြစ်လို့လဲခဗျ ကျွန်တော်အလျင်လိုနေလို့ပါ"

"ရပ်ဆိုရပ်ပေါ့ကွာ ဒါနဲ့မင်းလက်ထဲမှာကိုင်ထားတာ ပိုက်ဆံမ လား ငါ့ကိုပေး"

"ဟို.... မပေးနိုင်ဘူး ကျွန်တော့်အမေအတွက်ဆေးဝယ်ရမှာ"

"ဒီမှာကောင်လေး မင်းကအသားနာချင်လို့လား ပေးကွာ"

"မပေးဘူး လုံးဝမပေးဘူး"

"ကျစ် ဒီကောင်လေးတော့.........."

"ဟေ့လူ ခင်ဗျား ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာလား"

ကျွန်တော့်ကျောဘက်ဆီမှ ကြားလိုက်ရသော ကလေးတစ်ယောက်ရဲ့ အသံ။

"ဟိုကောင်လေး မင်းနဲ.မဆိုင်ရင် လာမရှုပ်နဲ. မင်းပါနာချင်လို.လား "

"ကျွန်တော်ခြံရှေ.မှာဖြစ်နေတာမို. ကျွန်တော်နဲ.ဆိုင်တယ်
ဒီမှာအုတ်ခဲ ကျွန်တော်မပေါက်ရဲဘူး မထင်နဲ.နော်
ပြီးတော့ ကျွန်တော်လူကြီးတွေကို ခေါ်လိုက်မယ်"

Hold Me Tight Until The End 🐞Complete 🐞Where stories live. Discover now