Uni❄
မနက်စောစောနှင်းမှုန်များကြား long coat အကျၤႌ၏ အိပ်ကပ်ထဲတွင် လက်နှစ်ဖက်ထည့်ကာ အအေးဒဏ်ကိုပင် ခံစားရခြင်းမရှိဟန် ပြုံးပျော်စွာ ဆော့ဂျင် လမ်းလျှောက်လာသည်၊၊ အချစ်၏စွမ်းအားပင် ဆိုလေမလား ဆယ်ကျော်သက်အရွယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးလျှက်ရှိသည်၊၊ ပြုံးပျော်နေသော မျက်နှာကြောင့် နှင်းမှုန်လေးများပင် ရှက်သွေးဖြာစွာ ဖြည်းညင်းညင်သာ ကျဆင်းလျှက်ရှိသည်၊၊ ထိုစဉ်ရုတ်တရက် လူကို နှင်းပုံထူထဲသို့ တွန်းလှဲခြင်းခံလိုက်ရသည်၊၊ ရုတ်တရက်မို့ အရှိန်မထိန်းနိုင်စွာ နဖူး၊ နှာခေါင်း၊ နှုတ်ခမ်းတို့သည် နှင်းထဲသို့ နစ်ဝင်သွားရသည်၊၊ မကျေမနပ်ဖြင့် ထိုင်လိုက်တာနှင့် ရယ်သံအကျယ်ကြီးကို ကြားလိုက်ရသည်၊၊
"ရားးးး ဂျွန်ဂျောင်ကု မင်း.....မင်းတော့ ရားးး"
ရယ်သံရပ်သွားကာ နောက်မှသိုင်းဖက္ခြင်းကို ဆော့ဂျင် ခံစားမိလိုက်သည်၊၊
"အစ်ကိုကလည်း ကျွန်တော်က စရုံစတာပါ အရှိန်လေးပိစိလွန်သွားလို့ ဟီး"
"မျက်နှာချိုသွေးတာရပ်ပြီး ဒီကိစ္စကို အရင်လုပ်ပေးစမ်း"
စိတ်ဆိုးလျှင် သာမာန်ထက် ဖူးထွက်လာသောနှုတ်ခမ်းဖြင့် ဆော့ဂျင်က မေးငေါ့ပြလာသည်၊၊မျက်လုံးများက မီးထတောက်တော့မည်အလား၊၊ ရယ်ကျဲကျဲဖြင့် ဂျောင်ကုသည် ဆော့ဂျင်ရှေ့သို့ရောက်လာသည်၊၊
"အာ အများကြီးပေသွားတာပဲ "
နှင်းတွေ ကပ်နေသောနေရာများကို တစ်ခုချင်းစီ ညင်သာစွာ ဖယ်ခါပေးသည်၊၊ စိတ်ဆိုးမပြေသေးသော ဆော့ဂျင်အား ချော့နိုင်ရန် ဂျွန်ဂျောင်ကု အကြံဉာဏ် ထုတ်ရပါပြီ၊၊
"အာ ဒီနဖူးလေးအေးသွားမှာပဲ ပြွတ်စ်....😁
နှာခေါင်းလေးလည်း နီနေပြီ ပြွတ်စ်.....😁
ဒီနှုတ်ခမ်းလေးရောပဲ ပြွတ်စ်....😁 ""ဂျောင်ကု မင်းတော့လား......"
ဆော့ဂျင်ပြောလိုက်သော စကားမဆုံးမီ နှုတ်ခမ်းများပေါ်သို့ နူးညံ့စွာ ဖိကပ်ခြင်းခံလိုက်ရသည်၊၊ တင်းကြပ်စွာ ပိတ်ထားမိသည့် နှုတ်ခမ်းနှစ်လွှာကို နွေးသောအထိအတွေ့က လာရောက် တွန်းလှန်သည်၊၊ ဆော့ဂျင်တစ်ချက်ပြုံးလိုက်ရင်း နှုတ်ခမ်းနှစ်လွှာကို ဖွင့်ဟလိုက်သည်နှင့် ဝင်ရောက်လာသော အထိအတွေ့က နူးညံ့လွန်းသည်၊၊ ထိုနည်းတူ ဆော့ဂျင်ဘက်မှလည်း နူးညံ့ချိုမြိန်စွာ တုံ့ပြန်လိုက်သည်၊၊ ဝင်သက်ထွက်သက်တို့ စည်းချက်မမှန်တော့သော် နီးကပ်နေရာမှ ဖယ်ခွာလိုက်သည်၊၊
YOU ARE READING
Hold Me Tight Until The End 🐞Complete 🐞
Fanfictionဘာတွေပဲဖြစ်နေနေ အစ်ကို့လက်ကို ဆုပ်ကိုင်ပြီး ချစ်ခြင်းတရားက ဘယ်လောက်လှပကြောင်း ပြောပြမယ် Jeon JungKook ကိုယ့်ဘဝအတွက် ကံကောင်းမှုတစ်ခုဆိုရင် အဲ့တာက မင်းပါပဲ အဆုံးထိ မင်းလက်ကို ဆုပ်ကိုင်သွားချင်တယ် ...